ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးတိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး ပြီး စစ် ကား ၁ စီးပျက်စီး ၊ အမ်းမြို့တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသည့်စစ်သားများကို ပိတ်ဆို့ ဖမ်းဆီးမှု ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၃
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးတိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၉ ဦးသေ ဆုံးကာ စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း People’s Revolution Alliance – PRA-Magway တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၄၆ မိနစ်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီး ကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ ပဒါန်းဘက်မှ တက်လာသော စစ်ကောင်စီအင် အား ၁၀၀ ခန့် ပါ ခဲယမ်းတင်ကား ၄ စီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ၁ စီး ပျက်စီးသွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၇ ရက် နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့် ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ၂၀၂၅ ဇန်နဝါရီ လ အတွင်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှု တိုက်ပွဲမျးဖြစ်ပွားလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကို ပိတ်ဆို့ တိုက်ခိုက်ကာ ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း PRA Magway တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း ထိတွေ့တိုက်ပွဲများ ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦး ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ ကာ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအ ဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များ အတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများ အထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media