PDF News

0 0
Read Time:2 Minute, 1 Second

ပြည်သူများ၏ လှူဒါန်းငွေများဖြင့် လက်နက် ၂ လက်နှင့် ကျည် ၈ ထောင်အပါအဝင် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူထားရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၃

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် Danger Force LPDF အတွက် ပြည်သူလူထုမှ လှူ ဒါန်းပေးထားသော ငွေများဖြင့် လက်နက် ၂ လက်၊ ကျည် ၈ ထောင်နှင့်လိုအပ်သည့်ပစ္စည်းများ ဝယ် ယူထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ် မေလ ၁၅ ရက် မှ စ၍  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထိ ပြည်တွင်း  ပြည်ပ အလှူ ရှင်များ၏ လှူဒါန်းပေးထားသော ငွေများ ၊ ဒေသနေပြည်သူများ၏ ငွေများ ၊ ရဲဘော်များ၏ ညီအကို မောင်နှမများမှ လှူဒါန်းသောအလှူငွေများ၊ အတိုးနှုန်း မယူဘဲ ကူညီပေးသော ပြည်တွင်းပြည်ပမှ မိဘပြည်သူများ၏ ချေးငွေ များဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ဝယ်ယူရရှိထားသည့် ပစ္စည်းများမှာ MA 1 အမျိုးအစား သေနတ် ၂ လက်၊ ၅.၅၆ ကျည်အတောင့် ၈၀၀၀ ၊ စစ်လွယ်အိပ် – ၃ လုံး ၊ Level 4 ကျည်ကာပြား – ၁ ခု ၊ ယူနီဖောင်း – ၅ စုံ စုစုပေါင်း ကာလ တန်ဖိုး ၈၀၀ သိန်း ကျပ်ဖြင့် ရှိကြောင်း သိရသည်။

 

စစ်အာဏာရှင် စနစ်အမြစ်ပျက်ချေမှုန်းရေးနှင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ကူညီထောက်ပံ့လှူဒါန်းကူညီပေးကြသူတိုင်းကို အထူး ကျေးဇူးတင်ရှိပြီး အတိုးမယူပဲ ငွေပေးထားသော ချေးငွေပြန်ဆပ်နိုင်ရန်အတွက်လည်း တတ် နိုင်သမျှ ဝိုင်းဝန်း ပါဝင်ကူညီပေးကြပါရန် Danger Force LPDF မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *