Sagaing News

0 0
Read Time:2 Minute, 47 Second

ရွှေဘိုမြို့နယ်ရှိ ပန်းရံနှင့် သီးလုံးပျူရွာရှိ စစ်သား၊ ပျူများကို တိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၁

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံနှင့် သီးလုံးရွာရှိ အကြမ်းဖက် စစ်သား၊ ပျူများကို ဒရုန်း၊ လက် နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ထံ မှ သိသည်။

 

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှု အတွင်း ပျူ ညိုဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိ ခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ သေဆုံးသွားသော ပျူ ညိုဦးကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။

ထိုသို့ တိုက်ခံရမှုကြောင့် အထိနာသော စစ်သားများနှင့် ပျူစောထီးများသည် ပန်းရံ ကျေးရွာမှ သီး လုံး ရွာဘက်ကို ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့သောတော်လှန် ရေး ရဲဘော်များကို လာရောက် ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ပျူများ အထိအခိုက်များပြားကာ သီးလုံးပျူရွာထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် သီးလုံးရွာမှ ပျူ မိဇာ ဦးဆောင်သော အဖွဲ့သည် အရက်ဆိုင် ၌ သောက်စားကာ စုဝေးလုပ်နေစဉ် တော်လှန် တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊Shwebo Crocodile ၊ ၊M.sai Naw (Drone) မင်းသားချောလေး အဖွဲ့ ၊ Snake Eyes ပျံလွှား (Drone)ဖွဲ့ ၊‌ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊Shwebo Federal Army ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီဒေါင်း (ဒပယ) ၊ HG FIGHTER ၊ YAUNG NI ၊ ဇင်ယော် အဖွဲ့၊ ဒေါင်းစစ်သည် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊ Firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံ (LDF) နှင့် ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *