အာစီယံအလှည့်ကျဥက္ကဌ မလေးရှားအနေဖြင့် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းပေါ်ပေါက်ရေးအတွက် NUG၊ တိုင်းရင်းသား အဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံ အဖြေရှာရန် NUG သမ္မတ ဒူဝါလရှီးလ တိုက်တွန်း
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၁
အာစီယံအလှည့်ကျဥက္ကဌ မလေးရှားအနေဖြင့် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းပေါ်ပေါက်ရေးအတွက် NUG၊ တိုင်းရင်းသား အဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံ အဖြေရှာရန် NUG သမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီလ ၇ ရက်နေ့က အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ မလေးရှား နိုင်ငံ၏ ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်း စကား ပြောကြားရာတွင် အမျိုးသားညီညွတ် ရေး အစိုးရယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့သည် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်း ဖက် စစ်ကောင်စီ၏ မတရားအာဏာရယူထားခြင်းမှ ဒီမိုကရေစီပြန်ရရှိရန် ခုခံကာကွယ်ခြင်း ၄ နှစ် ပြည့်ဖြစ်ကြောင်း၊ အဆိုပါကာလတွေအတွင်း စစ်တပ်၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူ တရပ် လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း အသိပေးထားသည်။
ထိုကဲ့သို့ အခက်အခဲများကို မြန်မာပြည်သူလူထုသည် ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ် ပေါ်လာစေရန် ကြိုးပမ်းလျက်ရှိပြီး နွေဦးတော်လှန်ရေးကာလတွေအတွင်း မလေးရှားနိုင်ငံ၏ မြန်မာ ပြည်သူများအတွက် ကြိုးပမ်းမှုကို လှိက်လှဲစွာကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန် မာပြည်သူများက မှတ်ယူထားကြောင်း NUG ၊ယာယီသမ္မတက ပြောကြားသည်။
ယခုနှစ်သည် အလှည့်အပြောင်းနှစ်ဖြစ်ပြီး ယခုအခါစစ်တပ်သည် တိုင်းပြည်၏ နယ်မြေများထဲမှ ၂၅ ရာ ခိုင်နှုန်းထက် လျော့နည်း၍ ထိန်းချုပ်ထားနိုင်ဖြစ်ပြီး ယင်းရာခိုင်နှုန်းသည်လည်း နေ့စဉ်နှင့် အမျှ လျှော့နည်းလျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသော နေရာဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ် ရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာ အစိုးရဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေး ကောက် ပွဲတခုကို ပြုလုပ်ရန်ကြိုးစားနေခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေ တခုဖြစ်လာ မည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေပိုများလာစေကာ အိမ်နီးချင်း နိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဖြစ်ကြောင်း NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အသိပေး ပြောကြားသည်။
အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန် သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ် ပေါက်ရေး အ တွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုး သားညီညွတ် ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲများ၊ လူမှုအခြေပြုအဖွဲအစည်းများနှင့် တရားဝင်ပိုမို ထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု၏ စစ်မှန်သော သဘောထားနှင့်လိုက်လျောညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ရန် မျှော်လင့်ကြောင်း NUG သမ္မတ ဒူဝါလရှီးလ က သဝဏ်လွှာပေးပို့ထားသည်။
Thanlwin Myanmar Media