တရုတ်ပြည်အစိုးရ၏ ညွှန်ကြားချက်အရ ‘ဝ’ ပြည်ကနေ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည် ဖြတ်သန်းခွင့်ပြုဟု UWSA ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၀
တရုတ်ပြည် အစိုးရ ညွှန်ကြားချက်အရ “ဝ” ပြည်နယ်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန် စည် ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်တယ်လို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်တော် – UWSA စစ်ဦးစီးချုပ်ရုံးက ဒီနေ့ ဇန်ဝါရီလ ၂၀ ရက်စွဲ ဖြင့် ထုတ် ပြန်လိုက်ပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကစလို့ ကိုးကန့်ဒေသနဲ့ “ဝ”ပြည်နယ် ဟိုပန်ဒေသကို ဆက်သွယ်ထား တဲ့ ဖောင်ဆိပ်တံတားကနေ မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်ထားတာကို အပြည့် အဝ လွတ်လပ်ခွင့် ပေးဖို့ ခွင့်ပြုလိုက်တယ်လို့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာရုံးကနေ အကြောင်း ကြားစာပေးပို့ခဲ့တာလို့ သိရပါတယ်။
ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်တွေ ပြုလိုက်ပေမယ့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ ပါဝင်ခြင်းမရှိပါဘူး။
သာမန်ပြည်သူတွေရဲ့နေ့စဉ်ထွက်ကုန်၊ နေ့စဉ်ဘဝ ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံးကို ပုံ မှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်တယ်လို့သာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – MNDAA တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ၇ ကြိမ်မြောက်အဖြစ် တွေ့ဆုံခဲ့ကြပြီးနောက် နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့မှာ ထုတ်ပြန်ပြောထားတာပါ။
MNDAA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်တဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း ဂိတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းက စတင်ပြီး ရှမ်းမြောက်မှာ ရှိတဲ့တိုင်း ရင်းသား လက်နက်ကိုင် ထိန်း ချုပ်ဒေသပေါ် တရုတ်ပြည် အစိုးရက ဖိအားပေးကာ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးပြီး အပစ် အခတ်ရပ်စဲရေး ဖိအားပေးဖို့ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကို တဖက်သတ်ပိတ်ထားခြင်း ဖြစ်ပါ တယ်။
ဒါ့အပြင် MNDAA တပ်ဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း မြန်မာပြည်ပြန်ခွင့် မပေးပဲ တရုတ်နိုင်ငံ မှာ ထိန်းသိမ်းကန့်သတ် ထားခဲ့ကာ ဆေးကုသနေတာဖြစ်တယ်လို့ အကြောင်းပြထုတ်ခဲ့ပါတယ်။
ဖုန်တာရွှင်အနေနဲ့ အခုချိန်အထိ မြန်မာပြည်ရောက်ရှိလာခြင်းမရှိသေးသလို အခုလို သဘောတူညီ ချက်ကြောင့် ပြန်လာခွင့်ရမရတော့ မသိရသေးပါဘူး။
Thanlwin Myanmar Media