Magway News

0 0
Read Time:3 Minute, 9 Second

ဆိပ်ဖြူအခြေအစိုက် ကပစ ၂၁ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဂိုဒေါင် ၃ လုံး ပျက်စီးပြီး စစ်သား ၃ ဦး ထပ်မံသေဆုံးစုစုပေါင်း သေဆုံးသူ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၂ ဦးရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၀

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၂၁ ကို ၁၀၇ မမ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိုဒေါင် ၃ လုံးပျက်စီးပြီး ဒဏ်ရာရ စစ်သား ၃ ဦး ထပ်မံသေ ဆုံးခဲ့ရာ စုစုပေါင်းသေဆုံးစစ်သား အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး ဖြစ်ကြောင်း Young Revolution Front တပ်ဖွဲ့နှင့် BWM တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်က ဆိတ်ဖြူမြို့နယ် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) အမှတ် ၂၁ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၇ လုံး ကို အောင်မြင် စွာ ပစ်ခတ်နိုင်ခဲ့ပြီး ကပစ တပ်အတွင်းရှိ စက်ရုံအမှတ် ၁၀၆ ၊ စက်ရုံအမှတ် ၁၀၉ နှင့် စက်ရုံအမှတ် ၂၀၁ တို့ထိခိုက်ပျက်စီးခဲ့ကာ အရာရှိ ၂ ဦး ၊ အခြားအဆင့် ၇ ဦး စုစုပေါင်း ၉ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယင်းဒဏ်ရာရရှိသူ ၈ ဦးအနက် ၃ ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးသော ဂိုဒေါင်များမှာလည်း လေယာဉ် ဗုံးသီးသိုလှောင်ထားရာ စက်ရုံများဖြစ်ရာ ယမ်းချက်ဂိုဒေါင်တစ်လုံးလည်းပါဝင်ခဲ့သဖြင့် အချိန်အတော်ကြာကြာမီးငြှိမ်းမရပဲ တောက်လောင်နေခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့ ၊ ပေါက်တောင်ပိုင်း ၊ Young Revolution Front.ဗိုလ်နားပေါက်အဖွဲ့၊

No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့၊ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးနှင့် ၊တပ်ရင်း ၁၉ တပ်ခွဲ (၂) တို့ ပူးပေါင်းကာပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ကပစ (၂၁) သည် နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြု သော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဉ်သုံး လူသတ် ဗုံး သီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ ၂၁ ကို လေတပ် ဆက်စပ်ပစ်မှတ်အဖြစ်သော် လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်းသတ်မှတ်၍ BWM Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *