ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၀
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ခြေ စိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ချောင်းဦးမြို့၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် လမ်းကင်းများချပြီး ခရီးသွားပြည်သူများထံ မှ ဆက်ကြေးကောက်နေစဉ် ပဒေသာမိုင်း ၂ လုံးတွဲတစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဆက်ကြေးကောက်နေတာက ၈ ဦးပါ၊ ဘက်စုံခြံထဲကနေ ထွက်ပြီး ဆက်ကြေးကောက်နေတာပါ၊ မိုင်းဆွဲပြီးတဲ့အချိန်မှာ ပြန်ပစ်တာမျိုးမရှိဘူး။ သေဆုံးဒဏ်ရာရ စခတွေကို ခြံဆွဲယူပြီး ဆုတ်သွားပါ တယ်” ဟု ချောင်းဦးမြို့ခြေ စိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ချေစိုက် BLDFတပ်ခွဲ အညာမိုင်းတပ်ဖွဲ့ရဲဘော်များကလုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ဘက်စုံခြံအတွင်းဆွဲယူသွားကာ အကြမ်းဖက် စစ်သားများလည်း ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
Thanlwin Myanmar Media