Read Time:56 Second
ကဗျာကဏ္ဍ “မရူးနဲ့ရဲဘော်”
ပျိုးကြဲလက်
အာဏာ့ရှင် အထွေးမို့
မတွေးတဲ့ မောင်ရာ
အမလေးဟဲ့ နင့်ရူပါရယ်
လူတကာ ရွံ့မုန်း ။
လာဘ်လာဘ ခင်တွယ်တယ်
လူတွင်ကျယ် ထဘီကြောက်တုန်း ။
ရွေးကောက်ပွဲ ဦးဆောင်ချင်
ရူးကြောင်ကြောင် ငွေဖြုန်း ။
လူ့ဂွစာ တပ်ပြုန်းပေါ့
ထပ်ဗုန်းဖို့ ခဲသော် ။
ပြည်သူကို ဗုံးကြဲလို့
အုန်းကနဲ သတ်မတဲ့နော် ။
လေတပ်က လွဲချော်ရင်
ရဲဘော်တွေ သေဦးကွယ့်
မရူးနဲ့ အပြေးလာ
သေနတ်ယူကာ ။
ရဲဘော်တို့ ခိုလှုံပါရင်
ရွှေဘုံမှာစံနိုင်ငဲ့လေး ။
ပြည်ထောင်သစ် တည်ဖို့ရာမှာ
မောင်တို့ပါ တတ်နိုင်ငဲ့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် သန်ခေါင်းယံ ၁၂ နာရီ ၅၄ မိနစ်
Thanlwin Myanmar Media