Yesagyo News

0 0
Read Time:1 Minute, 54 Second

ရေစကြိုမြို့နယ် ဟင်္သာရွာမှ ပျူစောထီးများ စစ်ကြောင်းထွက်လာစဉ်ကြားဖြတ်တိုက်ခိုက်မှု ၃ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၈

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ ပျူစောထီးများ စစ်ကြောင်းထွက်လာစဉ် ကြားဖြတ်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ ပျူစောထီးအင်အား ၃၀ ခန့်ဖြင့် ရပ်သာကျေးရွာဘက်သို့ ထွက်လာစဉ် ဘုမ္မကျွန်းရွာနှင့် ရပ်သာကျေးရွာကြားအရောက် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးအပြင်းအထန် ဒဏ်ရာ ရရှိပြီး ၁ ဦး မှာ ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

 

“ဟင်္သာပျူရွာက ဆင်ချောင်းနဲ့နီးတယ်။ အဲဒီဟင်္သာပျူရွာကနေ အင်အား ၃၀ လောက်ထွက်လာတာ။ ပျူတွေချည်းပဲ။ သေသွားတာတော့ မကြားမိဘူး၊ ကျနော်တို့ သတင်းရတာတော့ ၃ ယောက်ကတော့ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ အဲဒီထဲကမှ တစ်ယောက်ကတော့ ပခုက္ကူမှာ ဆေး ကုသ မှုခံ ယူနေတယ်လို့ပဲ သိရတာ။ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတာ” ဟု ရေစကြို ပကဖ မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *