ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ဘုရားတောင်ကျေးရွာကို အ ကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရ သည်။
ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်က ဘီလူးချောင်း အနောက်ဖက် ပင်လောင်းမြို့ နယ် ၊ ပင်စုံအောက်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ PNO ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် များက ဖယ်ခုံမြို့နယ် ၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဘုရားတောင်ကျေးရွာ ဘုန်းကြီးကျောင်း အနီး စစ်ဘေးရှောင်နေသောတဲများကို လက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ် အရွယ် နန်းအေးမြင့်သန်းတွင် ဦးခေါင်း ကျည်စ ထိမှန်ပြီး နေရာတွင် သေဆုံးသွားကာ အသက် ၂၈ နှစ်အရွယ် ခွန်သိန်းအောင်နှင့် အသက် ၅၅ နှစ်အရွယ် ဦးစိုင်း ဒဏ်ရာအပြင်းအထန်ဖြင့် ထပ်မံသေဆုံးကြောင်း၊ ထို့အပြင် ဒဏ်ရာရရှိသူ ၁၄ ဦးပြီး ပြ စံကားဆေးရုံ ၊ နမ့်ပန်ဆေးရုံနှင့် အောင်ပန်းဆေးရုံများသို့ ပို့ဆောင် ထားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ်၊ အနောက်ဘက်ခြမ်းကို လေကြောင်းဖြင့် လည်းကောင်း ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံ မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media