Tanintharyi News

0 0
Read Time:2 Minute, 9 Second

ပလမြို့ရဲစခန်းခြံစည်းရုံးပတ်ပတ်လည်ရှိ မိုင်းကွင်းအတွင်း ဒရုန်းဗုံးသီးများကျရောက် ပေါက်ကွဲကာ မိုင်းကွင်း ဧရိယာမီးလောင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၉

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းခြံစည်း ရိုးပတ်ပတ်လည်ရှိ မိုင်းကွင်းများပေါ် ကျရောက်ပေါက်ကွဲပြီး မိုင်းကွင်းများမီးလောင်ပျက်စီးခဲ့ ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက် နေ့က ပုလောမြို့နယ်၊ ပလမြို့ရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းပတ်ပတ်လည်ရှိ မိုင်းကွင်းများအတွင်း ဒရုန်းဗုံးသီး များ ကျရောက်ပေါက်ကွဲပြီး မိုင်းဧရိယာတစ်ခုလုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းရဲစခန်းသည် အနီးအနားရှိကျေးရွာများဖြစ်သော ဇရပ် ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာတို့ကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည့် စစ်ကောင်စီတပ် အထိုင်ချ စခန်းကုန်းတစ်ခုဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပုလော-ပကဖ ဒရုန်းတပ်ဖွဲ့ (Shadow Squad) မှ မြိတ်ခရိုင်၊ PDF တပ်ရင်း ၁ နှင့် ပူးပေါင်းကာ ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း မည်သည့်တော်လှန်ရေးအင်အားစုများနှင့် မဆို ပူးပေါင်း၍ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန်တော်လှန်တိုက်ခိုက်သွား မည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *