AA News

0 0
Read Time:3 Minute, 16 Second

မြောက်ဦးမြို့နယ်ရှိ စစ်သုံ့ပန်းများ မိသားစုဝင်များ ယာယီထိန်းသိမ်းထားရာ နေရာကို စစ်ကောင်စီ တပ်က ဗုံးကြဲ တိုက်ခိုက်မှု ကလေးငယ်နှင့်အမျိုးသမီး ၂၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စစ်သုံ့ပန်းမိသားစုဝင်များ ယာယီထိန်းသိမ်းထားရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

ယမန်‌နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့က မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံပန်း မိသားစုဝင်များ ထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ် နှင့် ၄ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးကြုဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ အချို့မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာ ပြင်းထန်သူအချို့မှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်ကြောင်း အာရက္ခ တပ်တော် – AA က အသိပေးထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံး/ဒဏ်ရာရရှိသော စစ်သုံပန်း မိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် ဖက်ဆစ် စစ် ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို ပြန်လည်လွှတ် ပေးရန် စီစဉ်ထားရှိပြီးဖြစ်သဖြင့် ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရား လက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ အကြမ်းဖက်တိုက်မှုများကို ဖက်ဆစ်စစ်ကောင်စီမှ ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိ ထား ကြပါရန်နှင့် အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါကိုလည်း အာရက္ခတပ်တော် -AA က သတိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *