မြင်းခြံနှင့်တောင်သာမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး၊ စာသင်ကျောင်းဆောင်ပြိုကျပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၉
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး စာသင်ကျောင်းဆောင်ပြိုကျပျက်စီးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။
ဇန်နဝါရီ ၁၈ ရက်နံနက် ၁ နာရီ ၃၀မိနစ်ခန့်က တောင်သာမြို့နယ် ၊ ပန်းပေါင်းအုပ်စု ၊ ညောင်ကုန်း ကျေးရွာ ဘုန်းကြီးကျောင်း အနီးလမ်းမနှင့် ပြည်သူ့နေအိမ်များကို အကြမ်းဖက် ဖက်စစ်စစ်တပ် စက် တပ် လေထီးဖြင့် ဗုံးသီး၂ လုံးကျဲခဲ့ရာ အသက် အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်း ၊ အသက် ၅၇ နှစ် အရွယ် ဒေါ်ခင်ညွတ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုအပြင် အသက် ၅၇ နှစ်အရွယ် ဦးအောင်မြင့်တွင် စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မလှိုင်မြို့နယ် ဆေးရုံသို့ အရေးပေါ်ကုသရန်ပို့ဆောင်ခဲ့ရာ မလှိုင်ဆေးရုံက လက်မခံသဖြင့် မိထ္ထီလာဆေးရုံသို့ ပို့ ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။
“နေအိမ်တွေက အရမ်းမပျက်စီးဘူး ချတာက ၄ လုံးချတာ။ ရွာရဲ့ အရှေ့မြောက်ဒေါင့်နဲ့ အနောက် တောင်ဒေါင့် ကျတာ။ မြင်းလည်း သေတယ်၊ ဆိတ်က အကောင် ၂၀ လောက်ရှိတယ်၊ ဝက်တွေ လည်း သေတယ်၊ အိမ်တွေက ပေါက်ထွက်တာလောက်ပဲ လူတွေနဲ့ အိမ်မွေးတရိစ္ဆာန်တွေ ထိခိုက် သေကုန်ကြတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
အလားတူ ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီ ၅ မိနစ်၊ ၃ နာရီ ၈ မိနစ် တို့တွင် မြင်းခြံမြို့နယ် ရွာသစ် ကျေးရွာကို အကြမ်းဖက် ဖက်စစ်စစ်တပ် မိထ္တီလာ လေတပ်စခန်းမှ ဂျက်ဖိုက်တာဖြင့် ဗုံး၂ ကြိမ်ကျဲချ တိုက်ခိုက်ရာ ရွာသစ်ကျေးရွာ အလက စာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင် ကျောင်း ၂ ဆောင်လုံး ပြိုကျပျက်စီးခဲ့ပြီး အနီးနား ပြည်သူအိမ်များ မွေးမြူထားသော ခိုင်းနွား ၂ ကောင်လည်း သေဆုံးသွားကြောင်း သိရသည်။
“ဗုံးကဒဲ့ ကျတာ ပြည်သူတွေက လေယာဥ်သံ ကြားတော့ ရှောင်ကြတာ၊ ပြည်သူထိခိုက်မှုမရှိဘူး ၊ စာ သင်ကျောင်းက အကုန်ပျက်စီးသွားတာ၊ ပြည်သူတွေက ကံကောင်းလို့၊ စစ်တပ်ကတော့ ပစ်တာပဲ ပြည်သူကို ဘယ်တုန်းကမှ မငဲ့ကွက်ဖူး၊ ယုတ်မာဖို့ပဲသိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြော ကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုများကြောင့် မိဘပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြ ရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
Photo – အကြမ်းဖက် ဖက်စစ်စစ်တပ်၏ ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများ
Thanlwin Myanmar Media