PNLA News

0 0
Read Time:7 Minute, 55 Second

စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစစ်သားများကို စိတ်ကြွဆေးဝါးတိုက်ကျွေးပြီး ရှေ့တက်ခိုင်း၊ နောက်ပြန်ဆုတ်သူများကို ပစ်သတ်နေ၊ ဆီဆိုင်တိုက်ပွဲ ၂ နေရာဖြစ်ပွားမှု အတင်းအဓမ္မစစ်သားစု ဆောင်းခံရ သူ PNO ပြည်သူ့စစ် ၁၃၀ ကျော်သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ် တပ်က အတင်းအဓမ္မစစ်သား စုဆောင်းထားသူများကို စိတ်ကြွဆေးကျွေးကာ ရှေ့တက်ခိုင်းနေပြီး နောက်ပြန်ဆုတ်သူများကိုလည်း ပစ်ခတ်သတ်ဖြတ်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်သည် စစ် ကြောင်း ၄ ကြောင်း အင်အား ၅၀၀ ကျော်ဖြင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပင်ငိုကျေးရွာ၊ နောင် ကျောကျေးရွာ အနီးနှင့် ဖြီကျွတ်ရွာ အနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သဖြင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော် – PNLA တပ်ဖွဲ့ဝင်များနှင့် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

“ပအိုဝ်းရွာသားတွေ၊ လူထုတွေကိုအလှည့်ကျနဲ့ခေါ်ပြီး မြေပြင်ထိုးစစ်မှာ စိတ်ကြွဆေး ပုံစံမျိုး တိုက် ကျွေးပြီးတော့မှ အတင်းအကြပ် တက်ခိုင်းတဲ့ ပုံစံမျိုးတွေ့နေရတယ်၊ အဲဒါကြောင့် မြေပြင်မှာ အသေ အပျောက်တွေ အကျ အဆုံးတွေများနေတာတွေ့ရပါတယ်။ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ဘူး ဆိုရင် အဲဒီ ရွာသားတွေကို ပစ်သတ်တာတို့ အဲဒါမျိုးလည်းသတင်းတွေ ကြားနေရတယ်၊ အခုဆိုရင် ပအိုဝ်း လူထုတွေက စစ်ကောင် စီနဲ့ ပြည်သူ့စစ် PNO ရဲ့အသုံးချ အလူအလဲခံနေရတဲ့အနေအထားမှာ ရှိနေ တာပေါ့၊ သူတို့ တိုက်ပွဲမှာ တက်ခိုင်းပြီဆိုရင်လည်း နောက်ပြန်ဆုတ်တဲ့သူဆိုရင် နောက်ကနေ ပြန် ပစ်သတ်တာကို သတင်းတွေ ကြားနေရတယ်၊ အဲဒါကြောင့်လည်း ပအိုဝ်းလူတွေအနေနဲ့အခုချိန်မှာ အထူးသတိထား ဆင်ခြင်ဖို့ လိုတယ်၊ ကိုယ့် အခြေအနေမှန်ကို သိရှိကြဖို့ အထူးလိုအပ်တဲ့အချိန် အခါ ဖြစ်တယ်ပေါ့၊” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

Photo – PNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ထိုသို့တိုက်ပွဲဖြစ်ပွားမှုအတွင်း ပင်ငိုကျေးရွာ၊နောင်ကျောကျေးရွာအနီးတွင် စစ်ကောင်စီနှင့် လက်ပါး စေ ပြည်သူ့စစ်များဘက်မှ ၃၀ ကျော်ကျဆုံးကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 

အလားတူ ဖြီကျွတ်ကျေးရွာသို့ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကိုလည်း ဖြီကျွတ် ကျေး ရွာအနီး တောင် ၂ လုံးကြားတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော် – PNLA တပ်ဖွဲ့ ဝင်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်ဖက်မှ တောင်နှစ်လုံးကြား တောင် ယာထဲတွင် ၁၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

“အဓိကတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ပြည်လည်စိုးမိုးရေး ဦးတည်ချက်နဲ့ ထိုးစစ်ဆင်နေတဲ့ အနေအ ထားဖြစ်ပါတယ်၊ အဓိကတော့ စစ်ကောင်စီက ကွက်ကဲတဲ့အပိုင်း ဆက် သွယ်ရေးပိုင်း၊ လက်နက်ကြီး ပစ်ကူပေးတဲ့အပိုင်းတွေမှာ ၂၀ ရာခိုင်နှုန်းလောက်ပါဝင်ပြီးတော့မှ မြေ ပြင်ထိုးတာကတော့ ပအိုဝ်းရွာသားတွေကို အတင်းအဓမ္မစာရင်းကောက်ပြီး ရက်တိုသင်တန်းပေး ထားတဲ့ ရွာသားတွေနဲ့ မြေပြင်မှာ ထိုးစစ် ဆင်ခိုင်းတာ၊ အဲလိုထိုးစစ်ဆင်ခိုက်တဲ့အတွက် အကျအဆုံး တွေ အများကြီးရှိ တာဖြစ်ပါတယ်၊” ဟု  PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံ က ပြောကြားသည်။

 

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့်စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်သည် စိတ်ကြွ ဆေးအ သုံးပြုကာ စစ်တိုက်နေသည့် အနေအထားကိုလည်း တွေ့မြင်နေရကြောင်း၊ လက်ရှိတွင်လည်း စစ် ကောင်စီနှင့်စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်သည် ဖြီကျွတ်ကျေးရွာထဲတွင် တပ်စွဲကာ အင်အား ပြန်လည်ဖြည့်တင်းနေလျက်ရှိကြောင်း သိရသည်။

 

“ကျနော်တို့ ပအိုဝ်းဒေသမှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတာရှိပါတယ်၊ တချို့နေ့တွေမှာ တော့ မြေပြင်တိုက်ပွဲရှိပါတယ်၊ တချို့နေ့တွေမှာတေ့ မြေပြင်တိုက်ပွဲမရှိပဲနဲ့ လေယာဉ်တို့ ဒရုန်းတို့၊ လက်နက်ကြီးတို့နဲ့တော့ နေ့တိုင်းပစ်နေတာရှိတယ်၊ အဲလိုပစ်နေတော့ အရပ်သားတွေ ထိခိုက် သေ ဆုံးမှုရှိတယ်၊ အရပ်သားတွေ စစ်ရှောင်နေရတာတွေလည်းရှိတယ်၊ လောလောဆယ်တိုက်ပွဲဖြစ် နေ တဲ့ ကာလဖြစ်တဲ့အတွက် အတိအကျတော့ ကျနော်တို့ဆီ မရောက်သေးပါဘူး။” ဟု PNLA သတင်း နှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်စစ်ကြောင်းအတွင်း အင်အားအများစုနှင့် သေဆုံးသူအများစုမှာ စစ်ကောင်စီလက်ပါးစေ PN Oပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်ကောင်စီ၏ တပ်ဖွဲ့များပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့ကြောင့် ပအိုဝ်းအချင်းချင်း တိုက်နေရသကဲ့သို့ ဖြစ်နေပြီး ပအိုဝ်းအချင်းချင်းသည် PNLA ၏ ရန်သူမဟုတ်ကြောင်း၊ တိုင်းပြည်ကိုဖျက်ဆီးနေသည့် စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်ကြောင်း PNLA က ပြောဆိုထားသည်။

 

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် ပအိုဝ်းကျေးရွာဖြစ်သည့် လွယ်ချယ်ကျေးရွာကို ၂ ကြိမ်တိုင်တိုင် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သည့် အပြင် စစ်ကောင်စီနှင့်စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်များကလည်း လက်နက်ကြီးများ ၊ ဒရုန်းများ တိုက်ခိုက်နေခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူ ထောင်နှင့်ချီ ကာ တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

“ဆီဆိုင်မြို့နယ်ထဲမှာတော့ စစ်စခန်းရယ်လို့ ချထားတာမျိုးမရှိပါဘူး။ လှုပ်ရှားပုံစံနဲ့ တိုက်ပွဲဖော်နေ တာ ရှိပါတယ်။ တချို့နေရာတွေဆိုရင် လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ မြေပြင် က နေ အင်အားအလုံးအရင်းနဲ့ထိုးလာတဲ့အချိန်မျိုးမှာ စစ်ဗျူဟာအရ၊ အခြေအနေအရ တစ်ချို့ဆုတ် လိုက် ရတာတွေရှိတယ်၊ ကျနော်တို့ပြန်လည်ထိန်းချုပ်တဲ့နေရာမျိုးတွေလည်းရှိပါတယ်၊ ဒါကတော့ စစ်ပွဲ သဘောတရားအရ အတိုးအဆုတ်ကတော့ ကျနော်တို့ လုပ်ဆောင်နေရတဲ့ အနေအထားမျိုး တော့ ရှိပါတယ်၊ လောလောဆယ်ထိုးစစ်ဆင်နေတာကတော့ ဆီဆိုင်မြို့ရဲ့တောင်ဘက်ခြမ်း ၊ ဆီ ဆိုင်မြို့ရဲ့ အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး ဌာန တာဝန်ရှိသူက ပြောဆိုသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *