Sagaing News

0 0
Read Time:1 Minute, 53 Second

မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၈

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ -အရာတော်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့က မုံရွာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာတင်ကား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယင်းယာဉ်တန်းကို လုံခြုံရေးယူပေးသည့် ကင်းပုန်းဝပ်နေသော စစ် ကောင်စီ တပ်သားများကို ၄၀ မမ လက်နက်ကြီး ၄ လုံးအပါအဝင် လက်နက်ငယ်များဖြင့်လည်း ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူဇန်နဝါရီလ ၆ ရက်နေ့က အရာတော်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် ၁၂ ဘီး ကား များကို မိုင်း ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း ၊ အလားတူ ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Ayadaw Rocket တပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစု များ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Ayadaw Rocket တပ်ဖွဲ့၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့ (ပ.က.ဖ) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၉ ၊ တပ်ရင်း ၂၁ ၊ တပ် ရင်း ၂၄ ၊ တပ်ရင်း ၂၆ ၊ မုံရွာခရိုင်လေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့ နှင့် လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *