Sagaing News

0 0
Read Time:2 Minute, 27 Second

မုံရွာမြို့၊ စက်မှုဇုန်အတွင်း အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း၌ အိမ်စီးကားဖြင့် ကင်းပတ်နေသော အကြမ်းဖက်စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း ထံမှ သိ ရသည်။

 

ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့၊ မြို့တော်ခန်းမ၌ တပ်စွဲထားသော အကြမ်း ဖက် စစ်သား ၂ ဦး ၊ အမှတ် ၂ ရဲ စခန်း၌ တာဝန်ကျနေသော ရဲ ၃ ဦးတို့သည် အိမ်စီးကားဖြင့် စက်မှု ဇုန်အတွင်း ကင်းပတ် ထွက်လာစဉ် ဟီးရိုးကွမ်းယာဆိုင်ရှေ့အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ၁၅ မီတာ အကွားအဝေးမှ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ရဲ ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအ ထန်ဒဏ်ရာဖြင့် ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

“ကားပေါ်မှာက ၅ ဦးပါ၊ ၅ ဦးလုံးမှန်တယ်၊ မလှုပ်နိုင်ဘူး။ ၄ ဦးက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေ တယ်၊ တစ်ဦးက မသေဘူး။ ဆေးရုံမှာတင်ထားတယ်။ စခ၊ ရခနဲ့ပေါင်းပြီး ကင်းပတ်ကြတာ၊ တစ်စီး ထဲ အရင်ရောက်လာတာ။ မိနစ်ပိုင်းလေးပဲခြားတယ်၊ ကျနော်တို့က လက်နက်တက်ကောက်မယ် လုပ်တော့ တောက်လျှောက်ပစ်ပြီးတော့ အတင်းဝင်လာလို့ ချက်ချင်းပြန်ဆုတ်လိုက်ရတာ၊ အဲဒီပစ် ခတ်မှုဖြစ်တဲ့နေရာမှာ သွေးကွက်တွေရော၊ မှန်ကွဲတွေရော အခုထိရှိသေးတယ်။” ဟု မုံရွာခရိုင် အ မှတ် ၂၂ တပ်ရင်း တပ်ရင်းမှူး နတ်ဆိုးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်ကူကား ၅ စီးခန့်ဖြင့် ပစ်ခတ်ကာ ရောက်ရှိလာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *