ညောင်လေးပင်မြို့နယ်၊ မုက္ခကျေးရွာ ဂိတ်စခန်းနှင့် ကြံဘိုကုန်းရွာ စစ်တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်မှု ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မုက္ခကျေးရွာ စစ်တပ်ဂိတ်စခန်းနှင့် ကြံဘိုကုန်းကျေးရွာ ဂိတ် စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း ထံမှ သိရသည်။
ဇန်နဝါရီလ ၁၆ ရက် နံနက် ၁ နာရီ ၁၀ မိနစ်အချိန်က ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာ စစ် ကောင်စီ အထိုင်ချ ဂိတ်စခန်းများနှင့် ကြံဘိုကုန်းကျေးရွာ စစ်ကောင်စီ၏ ဂိတ်စခန်းတို့ကို တပြိုင် တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နံနက် ၂ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ် ၁ ဦး၊ ပျူ ၂ နှစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးကာ ၅ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၇၀၃ တပ်ရင်း (မီးနဂါးများ) ၊ တောကျီးကန်း ၇ ကောင် စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း ၊ Spring Warrion Drone Team နှင့် ၁၈၀၅ Drone Teamတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမုက္ခမူကျေးရွာနှင့် ကြံဘိုကုန်းကျေးရွာတို့ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူများသည် ညောင် လေးပင် – ရွှေကျင်ကားလမ်းကို အသုံးပြုသွားလာနေကြသည့် ပြည်သူများအား ဆက်ကြေးကောက် ခံခြင်း ၊ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ခြင်းနှင့် လမ်းသွားလမ်း လာ ပြည်သူများအား အတင်း အဓမ္မ စစ်မှု ထမ်းခိုင်း ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေကြသူကြသူများဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media