ရွှေသောင်ယံမြို့အနီးတိုက်ပွဲတွင် စစ်သား ၄၀၀ နီးပါး ထိခိုက်သေဆုံးမှုရှိနေပြီး ပြည်သူပိုင် ကား၊ စက်လှေ၊ သင်္ဘောများကို ချောဆွဲကာ သယ်ယူ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးတိုက်ပွဲတွင် စစ်သား ၄၀၀ နီးပါး သေဆုံးဒဏ်ရာ ရရှိသူများရှိပြီး ပြည်သူပိုင် ကား၊ စက်လှေ၊ သင်္ဘောများကို ချောဆွဲကာ သယ်ယူနေကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
ဇန်နဝါရီလ ၈ ရက်နေ့မှ စ၍ ၁၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်က ဂွမြို့နယ်နှင့် ပုသိမ် မြို့နယ်အစပ်ရှိ ရွှေသောင်ယံမြို့အနီးတွင် ခံစစ်ပြင်ရန်အတွက် လေကြောင်း၊ ရေကြောင်းအပြင် ခြေ လျင်စစ်ကြောင်းဖြင်ပါ စစ်သား အများအပြားကို ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်လိုက်သော အကြမ်းဖက်စစ်သားများကို အာရက္ခတပ်တော် -AA က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀၀ ကျော် ထိခိုကသေဆုံးမှုရှိပြီး ဒေသနေပြည်သူများပိုင်ဆိုင်သော ကား၊ စက်လှေ၊ သင်္ဘောများကို ချောဆွဲကာ ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်း အ တိုင်း ဇန်နဝါရီလ ၁၇ ရက် ညနေမှစ၍ သယ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Photo – အာရက္ခတပ်တော် -AA တပ်ဖွဲ့ဝင်များ
“ဂွနဲ့ ရွှေသောင်ယံ အစပ်မှာ တိုက်ပွဲဖြစ်တာ၊ ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတို အပြတ်တွေ အများကြီးပဲ။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေ ကို ချောဆွဲပြီး သယ်နေတယ်၊ ငါး သိုင်းချောင်းလမ်းက ပုသိမ်ကို သယ်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ဇန်နဝါရီလ ၁၆ ရက် ညပိုင်းကလည်း ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် -AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် ညနေ ၄ နာရီခန့်ကလည်း ပုသိမ်မြို့နယ်၊ ပုသိမ်မြို့နှင့် မကျီးဇင် သွားလမ်းပေါ်ရှိ ကျားခေါင်းကျေးရွာနှင့် သဲဖြူရွာတို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media