လက်လွှတ်ဆုံးရှုံးရသည့် နယ်မြေများကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုအပြင် မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာကို ကျင့်သုံးနေဟု ဆို
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
လက်လွှတ်ဆုံးရသည့် နယ်မြေများကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုအပြင် မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာကို ကျင့်သုံးနေကြောင်း လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။
မြန်မာစစ်အုပ်စုသည် တိုက်ပွဲများတွင် အထိနာပြီး ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်လာသည်နှင့်အမျှ လက်လွှတ်ဆုံးရှုံးရသည့်နယ်မြေများတွင် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်ကာ မြို့များကို လည်း မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာကို ပိုမိုအသုံးပြုလာခြင်းဖြစ်ကြောင်း HRW က ပြောဆို ထားသည်။
ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း အ ကြမ်းဖက်စစ်တပ်က စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မီးရှို့ခြင်း အပါအဝင် အရပ်သားများ၏ အခြေခံအဆောက် အအုံ များကို ဥပဒေမဲ့ တိုက်ခိုက်ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးရှုံးနိမ့်မှုနှင့်အတူ အရပ်သားပြည်သူများရှိသည့် အခြေခံ အ ဆောက်အအုံများ၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စစ်ကိုင်းတိုင်းတစ်ခုထဲ၌ ပင် ပြည်သူလူထုနေအိမ် ၁ သိန်းကျော်မီးရှို့ဖျက်ခဲ့ကြောင်း HRW ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ယခုအခါ စစ်မှုထမ်းဥပကေို အသက်သွင်းကာ လူငယ်များကို ပြန်ပေးဆွဲခြင်း၊ အကျဉ်းချခြင်း၊ ရှေ့ တန်း၌ လူသားဒိုင်းကာသဖွယ်အသုံးပြုခြင်းများ လုပ်ဆောင်နေကြောင်း ထောက်ပြထားသည်။
Thanlwin Myanmar Media