Sagaing News

0 0
Read Time:4 Minute, 29 Second

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီး ချုပ်၏ ကိုယ်ရေးအရာရှိ အပါအဝင် ၁၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းသို့ ရော့ ကတ်ဖြင့် အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဦးစီးချုပ်၏ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်ဝါရီလ ၁၄ ရက် ည ၉ နာရီ ၄၇ မိနစ်အချိန်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် (နမခ) ကို ရှော့တိုက် ရော့ကတ်လက်နက်ကြီး အလုံး ၃၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တိုင်း ရုံးဝန်းအတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း​ ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်း ဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်)ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာ ဖြန့်ဝေဌာနအနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ် နှင့် Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊စစ်သည်နေအိမ် (၆ ခန်းတွဲ)၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်​မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း)စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင် နှင့် နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးတို့တွင် ကျရောက်​ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အဆရ-၁၂ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦး၊ တိုင်းစစ်ဦးစီးချုပ် ၏ ကိုယ်ရေးအရာရှိ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော် ၊ တပ်ကြတ်ကြီး ၁ ဦး အပါအဝင် ၅ ဦး စုစု ပေါင်း ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသော စစ် သားများကို ည ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် တပ်တွင်းရှိ သံပြားကာ ကားဖြင့် တပ်မတော်ဆေးရုံ တဆ အမှတ် ၄/၃၀၀ ဆေးရုံနှင့် မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ပို့ဆောင်ခဲ့ကြောင်းကြောင်း သိရ သည်။

 

“အဆောင် ၄ ဆောင် ထိခိုက်ပျက်စီးတယ်။ အတိုအပြတ်၊ မီးလောင်ဒဏ်ရာရတဲ့သူတွေကို တပ်မ တော် ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ တယ်၊ အဲဒီထဲက ထပ်သေတာရယ်၊ ပွဲချင်းပြီးသေတာ ရယ်ပေါင်းရင် ၁၅ ယောက်ရှိတယ်၊ မုံရွာ ပြည် သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသနေတဲ့ တိုင်း ရုံးက အရေးပေါ်လူတစ်နာ တစ်ယောက် ဒီနေ့ (ဇန်နဝါရီလ ၁၇ ရက်) မနက်ပိုင်းမှာ ထပ်သေတယ်၊ မနေ့ကတော့ နမခ စစ်သင်္ချိုင်းနဲ့ အလုံမြို့ သရဏဂုံသင်္ချိုင်းတွေမှ အလောင်း ၁၄ လောင်းသင်္ဂြိုလ် တယ်လို့ သိရပါတယ်၊ ဒီထက်လည်း ထပ်တိုး သေဆုံးနိုင်မှုရှိပါတယ်။” ဟု Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့ ပူးပေါင်းကာ “ရမခ စစ်ရှုံးပြေး ၊နမခရောက် အရှုံးသမား တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန်နှင့်လက်နက်ကြီးရန်ကာကွယ်ပေးပါသော NAS-နပ်စ် လေ ကြောင်းရန် နှင့် ရင်းမြစ်ဌာနေကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း Chindwin Rocket Brothers C.R.B က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *