ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည် သူ့လွတ် မြောက်ရေးတပ်တော် – DPLA ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ ၁ နာရီ ၂၁ မိနစ်တွင် တစ်ကြိမ်တွင် စုစုပေါင်း ဗုံးသီး ၃၁ လုံးဖြင့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသရှိ အရပ်သား ပြည်သူ လူထုနေထိုင်ရာ ကျေးရွာများကို Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုအပြင် ညနေ ၄ နာရီတွင်လည်း Y12 လေယာဉ်ဖြင့် ဗုံးသီး ၂၅ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ထိခုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျောက်ဂူဒေသရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာ များကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့်သာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက် ပြီး စစ်ရာ ဇဝတ် မှုများကို ပြောင်ပြောင်တင်းတင်ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media