Karen State News

0 0
Read Time:2 Minute, 47 Second

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်းနှင့် နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်တပ် ရှေ့ တန်း စခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၇

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်နေသည့် အကြမ်းဖက်စစ်ကောာင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းနှင့် နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်နေပြီး ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း သိရသည်။

“၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး သိမ်းဆည်း ရရှိခဲ့တာပါ။ သေဆုံးထိခိုက်မှုကတော့ အတိအကျ မသိရသေးပါဘူး။ တိုက်ပွဲက နေ့တိုင်းထိတွေ့မှုရှိ ပါတယ်၊ လေကြောင်းအသုံးပြုတာတွေလည်း ရှိပါတယ်။” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း များဖြစ်သော ကျားသစ်နက်စစ်ကြောင်း ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနားပဲ နေ့စဉ်မပျက် စစ်ကောင်စီကို တိုက်ခိုက်နေပါ တယ်၊ ဒီလိုတိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလည်း အင်အားယိုင်နဲ့လာပြီဖြစ်လို့ မိဘပြည်သူ တွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Photo – အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ကိုသိမ်းပိုက်ရာက သိမ်းဆည်းရရှိသော လက်နက် ၊ ခဲယမ်းများ

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *