စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် လမ်းပေါ်တွင် လူငယ်များကို ဖုန်းစစ်ဖမ်းဆီးကာ မတ ရားစစ်မှုထမ်းခိုင်းနေသည်ကို အထင်အရှားတွေ့ရှိလာရဟု မန္တလေး သပိတ်အင်အာစု ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၇
အကြမ်းဖက်စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေဖြင့် လမ်းပေါ်တွင် လူငယ်များကို ဖုန်းစစ် ဖမ်း ဆီးကာ မတရားစစ်မှုထမ်းခိုင်းနေသည်ကို အထင်အရှားတွေ့ရှိရလာကြောင်း မန္တလေး သပိတ်အင် အားစုက ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုမရှိသော ဆိုက်ဘာလုံခြုံ ရေး ဥပဒေကို မတရား ပြဌာန်းလိုက်ပြီး ယင်းဥပဒေကိုအကြောင်းပြကာ အကြမ်းဖက်စစ် ကောင်စီ နှင့် အပေါင်းအပါများသည် လူငယ်များအား လမ်းမများပေါ်တွင် ဖုန်းများ စစ်ဆေးဖမ်းဆီး၍ မတရား စစ်မှုထမ်းခိုင်းနေသည်ကိုလည်း အထင်အရှားတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မန္တလေးသပိတ်အင်အားစုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ် တာကာလအတွင်း မတရား ဖမ်းဆီးခံရသော လူငယ်များစာရင်းအား ဆက်လက်ပြုစုခဲ့ရာ အောင် မြေသာဇံမြို့နယ် (၁၉) ဦး ၊ ချမ်းအေးသာဇံမြို့နယ် (၁၅) ဦး ၊ မဟာအောင်မြေမြို့နယ် (၁၇) ဦး ၊ ချမ်းမြသာစည်မြို့နယ် (၁၉) ဦး ၊ ပြည်ကြီးတံခွန်မြို့နယ် (၁၉) ဦး ၊ အမရပူရမြို့နယ် (၁၈) ဦး ၊ ပုသိမ် ကြီးမြို့နယ် (၁၅) ဦး စုစုပေါင်း – (၁၂၂) ဦး ထက်မနည်း ရှိကြာင်း သိရသည်။
Photo – မန္တလေးမြို့ပေါ်တွင်တွေ့ရှိရသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ထိုသို့ပြုစုရာတွင် သတင်းမီဒီယာများကို အခြေခံပြီး စာရင်းပြုစုရခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက် မက များပြားနိုင်ကြောင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးဖမ်းဆီးရာတွင် နေ့/ညအချိန်မရွေး ဖမ်းဆီးခြင်း၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေကိုအကြောင်းပြပြီး ဖမ်းဆီးခြင်း၊ အလုပ်ပြန်လာ သော အခြေခံလူတန်းစား လူငယ်များအား ပစ်မှတ်ထား ဖမ်းဆီးခြင်းများအပြင် ဆိုက်ဘာလုံခြုံရေး ဥပဒေကို အကြောင်းပြုကာ ဖုန်းများကိုစစ်ဆေးပြီး မတရားဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများကို နေ့ စဉ်ဆိုသလို ကျူးလွန်နေကြောင်း ထောက်ပြထားသည်။
ထိုကြောင့်လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲ ခရီးသွား လာခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ မတရားဖမ်းဆီး စစ်မှုထမ်းခြင်း မခံရစေရန် မိမိပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပြတ်လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစ်စုံတစ်ရာ ကျရောက် လာနိုင်သော အခြေအနေရှိပါက ကြိုတင်ရှောင်ရှား ထားကြရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်း ထားသည်။
ထို့အပြင် မိသားစုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ကဲ့သို့ မလွှဲမရှောင်သာ အခြေအနေများနှင့် ကြုံတွေ့ရပြီး တပ်သားသစ်စုဆောင်းခံရမည် ဆိုပါက ကြိုတင်ပြင်ဆင်ချိန်ရသည့် အခြေအနေတွင် လိုအပ်သော ပြင်ဆင်မှုများကို ပြင်ဆင်ထား ကြပါရန် နှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ လက်လှမ်းမီ ရာ တို့တွင် မတရားဖမ်းဆီးခံရမှုများ ရှိပါက တော်လှန်ရေးအဖွဲ့အစည်းများကို သတင်းပေးပို့ကြရန် ဆက်လက် တိုက်တွန်းထားသည်။
နေအိမ်ပြင်ပသို့သွားလာသောအခါတွင် မိမိသွားရမည့် လမ်းများပေါ်တွင် စစ်ဆေးမှုများရှိနိုင်သော အခြေအနေရှိပါက မိမိဖုန်းအတွင်းမှ VPNအပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ကြိုတင်ဖျက် ထားကြရန် နှင့် ညအချိန်မတော် ဧည့်စာရင်းဝင်ရောက်စစ်ဆေးပါက လည်း VPN အပါအဝင် ဖျက် သင့် ဖျက်ထိုက်သည်များကို ဖျက်ထားကြပါရန် ထပ်မံတိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခုအခါတွင် နိုင်ငံရေးထွက်ပေါက်အဖြစ် ဟန်ပြရွေးကောက်ပွဲပြု လုပ်ပြီး ထွက်လမ်းရှာဖွေနေကြောင်း၊ ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော မတရားဥပဒေများကို ပြဌာန်းခြင်းများ ၊ လူ့အခွင့်အရေးကို အကြိမ်ကြိမ်ဗြောင်ကျကျချိုးဖောက်နေသော အကြမ်းဖက်စစ် ကောင်စီသည် ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲကျင်းပပေးမည်ဆိုသည်မှာ ဘယ်နည်းနှင့်မျှ ယုံ ကြည်ဖွယ်ရာ၊ လက်ခံဖွယ်ရာမရှိကြောင်း၊ ထို့ကြောင့် လူထုတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်စစ် ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲအား အသက်သွင်း ဖော်ဆောင်လာပါက လူထုဆန္ဒသဘောထားများ ကိုထင်ဟပ်စေမည့် ရရာနည်းလမ်းများဖြင့် ဆန့်ကျင်တွန်းလှန်သွားကြရန်မှာလည်း အရေးကြီး လို အပ်ပါကြောင်းကို မန္တလေးသပိတ်အင်အားစု က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media