Magway News

0 0
Read Time:1 Minute, 39 Second

ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာစစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် နေ့က ပွင့်ဖြူမြို့နယ် ၊ ဆင်လူးကျေးရွာ၌ အထိုင်ချလျက်ရှိသော အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ အဆောင်များ ပြိုကျပျက်စီးပြီး ကင်းတာဝန် ကျနေသော အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့ကို စလင်းမြို့နယ်၊ ကံပြာကျေးရွာဘက်မှ လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက် ခိုက်မှုကို မြိုင်ပကဖ ၊ပေါက်ပကဖ ၊  မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်း၊ မြိုင်ပကဖ ဒရုန်း တပ်ဖွဲ့ ၊ Young Force (PKU) ၊ Earthquake Defence Force (PKU) ၊ Joker (ပျောက်ကြား တပ်ဖွဲ မြိုင်) နှင့်  စေတုတ္တရာ ပ.အ.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *