Human Right News

0 0
Read Time:6 Minute, 50 Second

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့များက ပြည်သူလူထုကို ညှဉ်းပန်း ဖိနှိပ်သတ်ဖြတ်သော စစ်ရာဇဝတ်မှုပေါင်း ၃၈၀၀ ကျော်အထိ ကျူးလွန်ခဲ့

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုပေါင်း ၃၈၄၅ ကြိမ်အထိ ကျူးလွန်ခဲ့တယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ပါတယ်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲ၊ ပျူတွေနဲ့  အုပ်ချုပ်ရေး ယန္တရားအဖွဲ့တွေက ပြည်သူလူထုအပေါ် အကြမ်း ဖက်ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အကျဉ်းထောင် တွင်း ရိုက်နှက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ် ပိတ်သိမ်းခြင်း၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ခြင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်ခြင်း၊ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ခြိမ်းခြောက် ငွေညှစ်ခြင်း စတဲ့ ရာဇတ်မှုတွေကို ကျူးလွန်ခဲ့တာလို့ ဆိုပါပါတယ်။

 

ဒါ့အပြင် ပြည်သူတွေကို လေဆိပ်ကနေ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ စာသင်ကျောင်း ဆေးရုံတွေမှာ တပ်စွဲခြင်း၊ ဒရုန်းနှင့် ဗုံးကျဲခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်း၊ ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးခြင်း၊ ပြည်သူအသုံးပြုတဲ့ အခြေခံအဆောက်အဦကို မိုင်းခွဲ ဖျက်ဆီးခြင်း စတဲ့ ပြစ်မှုတွေကိုလည်း မှတ်တမ်းတင် စာရင်းကောက်ယူထားတယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ထားပါတယ်။

 

၂၀၂၄ ခုနှစ် အတွင်းမှာ ပြည်သူ ၃၁၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၃ ဦးကို လည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ ၃၇ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်အလောင်းဖျောက်ဖျက်ခဲ့သလို လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၈၀ အရွယ် အဘွား ၁ ဦးလည်း ထိတ်လန်၍ သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပါတယ်။

 

အကြမ်းဖက်စစ်သားတွေက ဓမ္မပြုကျင်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၉ ဦး ရှိခဲ့သလို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၁ ဦး ရှိခဲ့ပါတယ်။

 

ဒါ့အပြင် စစ်တပ်က ကားနဲ့ တိုက်သတ်ခဲ့တဲ့ ပြည်သူ ၁ ဦးရှိပြီး သန့်ရှင်းရေးလုပ်နေတဲ့ ပရဟိတသမား တစ်ဦးကိုလည်း အကြောင်းမဲ့ သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ Spring Revolution Database (SRD) က ပြောပါတယ်။

 

ရဲစခန်းအချုပ်မှာ သေဆုံးခဲ့ရသူ ၅ ဦးအထိရှိခဲ့ကာ အကျဉ်းထောင်အတွင်းမှာ အကျဉ်းဦးစီးဝန်ထမ်း တွေရဲ့ သတ်ဖြတ်မှုကြောင့် CDM ဝန်ထမ်း ၂ ဦး၊ နိုင်ငံရေးအကျဉ်းသား ၅ ဦးနဲ့ ပြည်သူ ၁၅ ဦး အပါ အဝင် စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်၊ ဒါ့အပြင် အကျဉ်းထောင်ပြင်ပထုတ်ပြီး သတ်ဖြတ်ခံရတဲ့ အကျဉ်းသး ၃ ဦး ရှိခဲ့ပါတယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေအကြားမှာ ပြည်သူ သေဆုံးမှု ၃၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၉ ဦး၊ ဦးခေါင်းဖြတ်သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၅ ဦး ရှိခဲ့ခဲ့ပါတယ်၊

 

၂၀၂၄ ခုနှစ်အတွင်းမှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ အနက်ရောင် သေမင်းတမာန်အဖွဲ့က ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ်အတွင်း သတ်ဖြတ်မှုတွေထဲမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီးလည်း ပါဝင်ခဲ့ပါတယ်။

 

အကြမ်းဖက် သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ၎င်းတို့ရဲ့ လက်အောက်ခံ ပျူ စောထီးတွေကလည်း ၂၀၂၄ ခုနှစ်အတွင်း ပြည်သူ ၂၇ ဦးအထိ သတ်ဖြတ်ခဲ့တယ်လို့  Spring Revolution Database (SRD) က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉၉ ၂ ဦး တော်လှန်ရေးအင်အာစု ၄၅ ဦး အပါအဝင် စုစုပေါင်း ၁၀၃၇ ဦး ကျဆုံးခဲ့သလို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁၀၃ ဦးနှင့် တော်လှန်ရေးအင်အားစု ၁၆ ဦး စုစုပေါင်း ၁၁၉ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုအကြိမ်ပေါင်း ၃၁၄၉ ကြိမ်အထိရှိခဲ့ ပါတယ်။

 

၂၀၂၄ ခုနှစ်အတွင်း စစ်မှုထမ်းဥပဒေကို အကြမ်းဖက်စစ်တပ်က ပြဋ္ဌာန်းခဲ့ပြီးနောက် ပြည်သူ ၁၁,၇၅၁ ဦး ဖမ်းဆီးခံခဲ့ရတာအပြင် ကျောက်ဖြူမြို့နယ် IDP Camp အတွင်းကနေ ဒုက္ခသည်တွေကိုလည်း စစ် သားစုဆောင်းဖို့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်တာလုပ်ခဲ့တယ်လို့ အသိပေးထားပါ တယ်။

 

အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းတာကြောင့် စစ်မှုမထမ်းသဖြင့် ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်တဲ့ ပြည်သူများ ၁၂ ဦးအထိရှိခဲ့တဲ့အပြင် စစ်မှုထမ်းသင်တန်းမှာ အကြမ်းဖက်စစ် တပ်က အစ္စလာမ်ဘာသာဝင် ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် ၂၀၂၄ ခုနှစ်အတွင်းတွင် ပြည်နယ်နှင့် တိုင်း ၁၁ ခုရှိ နေအိမ် ၃၆၈၉ လုံး ဖျက်ဆီးခံခဲ့ရကာ အချက်အလက်မရရှိတဲ့ အတည်မပြုနိုင်သော မီးရှို့ခံရတဲ့ ပြည် သူ့ နေအိမ်တွေလည်း ကျန်ရှိသေးတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဝင်တွေက ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှု ၁၂၂ ကြိမ် အထိ ပြုလုပ်ခဲ့တယ်လို့ Spring Revolution Database (SRD) က ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *