Shan State News

0 0
Read Time:2 Minute, 42 Second

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာသနာအဆောက်အအုံ ၂ လုံးနှင့် ပြည်သူ့နေအိမ် ၁၅ လုံး ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာသနာ့အဆောက်အအုံ ၂ လုံးနှင့် ပြည်သူ့နေအိမ် ၁၅ လုံး ပျက်စီးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံက သိရပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းက ရပ်စောက်မြို့ဘက်မှ ကျောက်ဂူဒေသဘက်သို့ စစ်အင်အားဖြည့် တင်းရန် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က တိုက်ခိုက်ခဲ့တဲ့အတွက် ၂ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တာပါ။

 

“ရပ်စောက်ဘက်ကနေ အင်အားဖြည့်တင်းလာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သာသနာ့ အဆောက်အအုံ ၂ လုံး၊ အရပ်သားနေအိမ် ၁၅ လုံး ဝန်းကျင် ပျက်စီးမှုရှိခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူကိုတော့ ကျနော်တို့ ဆေးကုသပေးနေပါတယ်” လို့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နတ်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် သာသနာ အဆောက်အအုံ ၂ လုံးနှင့် အရပ် သား ပြည် သူ့နေအိမ် ၁၅ လုံး ထိမှန်ပျက်စီးခဲ့သလို နေအိမ် ၂ လုံး မီလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

 

မနေ့ (ဇန်နဝါရီလ ၁၅ ရက်) ကလည်း  အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ လို့ ပြည်သူ ၁ ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့အတွက် ခဲကြားရွာနဲ့ ဖက်ရင်းကုန်းရွာတွေတွင်းကို ကျရောက် ပေါက်ကွဲကာ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့တာပါ။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *