Mandalay News

0 0
Read Time:3 Minute, 21 Second

တံတားဦးမြို့နယ်၊ တောင်တစ်လုံးရွာ ပျူခေါင်းဆောင်ချစ်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတို့ သေနတ်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

မန္တလေးတိုင်း၊ တံတာားဦးမြို့နယ်၊ တောင်တစ်လုံးကျေးရွာ ပျူခေါင်းဆောင်ချစ်ဝင်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်က တံတားဦးမြို့နယ် ၊ တောင်တစ်လုံးကျေးရွာ ပျူ ခေါင်းဆောင် အသက် ၆၃ နှစ်အရွယ် “ချစ်၀င်း” သည် ၎င်း၏တောင်ယာတောအတွင်း ရောက်ရှိနေ ကြောင်း သတင်းအရ နဂါးနီပြောက်ကျားတပ်ဖွဲ့ရဲဘော်များက ဖမ်းဆီးရန်သွားရောက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်က ထုတ်ပေးထားသည့် ပစ္စတိုသေနတ်ဖြင့် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာ မှာ ပင်သေဆုံးသွားကြောင်း သိရသည်။

“သူ့ယာထဲမှာ တောင်သူလုပ်နေတာ သတင်းရလို့ သွားတာ ၊ သူ့ကို ဖမ်းမယ်လုပ်တဲ့အချိန်မှာ သူ့မှာ ပါတဲ့ ပစ္စတိုနဲ့ ပြန်ခုခံမယ်လုပ်တာ၊ အဲဒါကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာ၊ နေရာမှာတင်သေ သွား တယ်၊ သူနဲ့ ပါလာတဲ့ ယာခင်းထဲအတူတူ အလုပ်လုပ်တဲ့သူတွေကိုတော့ လွှတ်ပေးလိုက်တယ်။ အဲဒီ ကနေ သတင်းပို့လို့လားတော့ မသိဘူး။ အခင်းဖြစ်တဲ့နေရာ၊ အဲဒီတောထဲမှာကို လာပြီးတော့ Mi 35 လေယာဉ်နဲ့ လာပစ်သွားတယ်၊” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ချစ်ဝင်းထံမှ ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၆ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဓားတို၊ ဓားရှည် ၂ ချောင်း၊ နိုင်ငံသား ကဒ်ပြား နှင့် ယာဉ်မောင်းလိုင် စင်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန်တွင် ချစ်ဝင်းပစ်ခတ်ရှင်းလင်းခံရသည့် နေရာ အနီးတဝိုက်အား အကြမ်းဖက်စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပစ်ခတ်သွားကြောင်း သိရသည်။

 

သေဆုံးသူ တောင်တစ်လုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်ဝင်းသည် စစ်တပ်အာဏာသိမ်းချိန်မှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနေသည့် နေရာများ ကို ကိုယ်လံလိုက်လံပြသခြင်း သတင်းပေးခြင်း၊ အကြမ်းဖက်စစ်တပ်နှင့်အတူ စစ်ကြောင်းထိုးရာတွင် လိုက်ပါ၍ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူလူထု အပေါ် အတင်းအဓမ္မဖမ်းဆီးခြင်း၊ စစ်မှုထမ်းပေါ်တာဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်နေသူ ဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အသိပေးထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *