မြိုင်မြို့နယ်၊ ကန်နီပျူရွာကို ရိက္ခာပို့ရန် ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Myaning Supporting Battaion – MSB က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က မြိုင်မြို့မှ ကန်နီပျူကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသော ယာဉ်တန်း နှင့် စစ်ကြောင်းကို အင်ရောင်းကျေးရွာအနီးအရောက် မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်၊ ဝက်ခေါင်းကျေးရွာ အနီး အရောက် မိုင်းဆွဲ တိုက်ခိုက်မှု ၁ ကြိမ်နှင့် ကျောင်းကုန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ၁ ကြိမ် လုပ်ဆောင်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျောင်းကုန်းကျေးရွာနှင့် ကန်နီကျေးရွာ၌ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကန်နီကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထောင်ထားသောမိုင်းကို နင်းမိ၍ စစ်ကောင် တပ်သား ၂ ဦး ပွဲချင်းပြီးထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို Myaing Supporting Battalion – MSB ၏ ထောက်ပို့ခံတပ်ရင်းများဖြစ် သော ပခုက္ကူခရိုင်အမှတ် ၂ ၊ ၆ ၊ ၇ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ မြိုင် ပ.က.ဖ တပ်ရင်း ၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ ဒေသခံပ.က.ဖ နှင့် ပ.အ.ဖများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media