Magway News

0 0
Read Time:2 Minute, 54 Second

ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၆ ဦးထက် မ နည်း သေဆုံး ၊ စစ်သားများကို ပြည်သူ ၂ ဦးကိုလည်း သေနတ်ဖြင့် တေ့ပစ်ကာသတ်ဖြတ်ခဲ့ပြီး ၁ ဦး ကို ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၅

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၆ ဦးထက်မနည်းသေဆုံးပြီး စစ်သားများက ရွာသား ၂ ဦးကို သေနတ် ဖြင့် တေ့ကာ ပစ်သတ်ခဲ့သည့်အပြင် တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း Chauk Guerrilla Force – C.G.F ထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီ စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထိန်းစမ်းကျေးရွာ အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးအမြောက်အများပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာသော အကြမ်းဖက်စစ်သားများကို အပြစ်မဲ့ရွာသား ၂ ဦးကို ဦးခေါင်းကိုတေ့ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးကာ နံနက် ၁၀ နာရီ အချိန်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တိုက်ခဲ့တာကတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခဲ့တာများတယ်၊ လက်နက်ငယ်က နည်း နည်းလောက်ပဲ သုံးခဲ့ရတာ၊ ထိခိုက်ဒဏ်ရာရတဲ့ စခတွေများကို ကုန်ကြီးကနေ ကားနဲ့ပို့တာရော၊ ချောက်ကနေ လူနာတင်ကားနဲ့လာခေါ်လာရောရှိတယ်လို့ သိရတယ်။ သေတာကနတော့ အနည်းဆုံး ၆ ဦးထက်မနည်းရှိတယ်။ ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရ ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို  Chauk Guerrilla Force ( C.G.F) ၊ ချောက်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက် ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့်ချောက် မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *