တောင်သာမြို့နယ်နှင့် ငါန်းဇွန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေ ဆုံး ပြီး ရဲ ၁ ဦးအရှင်ဖမ်းမိ၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီး တစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ရဲ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က တောင်သာမြို့နယ်၊ သံမဏိစက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် ခြုံကြီးကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း သည် နေမကောင်းဖြစ်နေသဖြင့် အနားယူနေသော တပ်ရင်း ၃ လက်အောက်ခံ ရဲဘော် တစ်ဦးအား ဖမ်းဆီးသွားကြောင်း သိရဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ လူကွဲ၍ မျက်စိလည်နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိသည်။
ဖမ်းဆီးရရှိသူ ရဲတသ ဥက္ကာဖြိုးနှင့် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အတောင့် ၂၅၀ ၊ ကျည် ဘောက် ၄ ခု၊ ၆၀ မမ ဗုံးသီး ၁ လုံးနှင့် စစ်ဝတ်တန်ဆာအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့ ထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ ရာ နေအိမ် ၄၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျေးရွာအတွင်း မဝင်ရောက်မီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ သည်။
လက်ပန်ကျင်းကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ပြီးနောက် စစ်ကောင်စီ တပ်သား ၅၀ ခန့်သည် ရှေ့ပြေးကင်းအဖြစ် ရွာပြင်သို့ ထွက်လာစဉ် တော်လှန်ရေး တပ် ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စစ်သား၊ ရဲ၊ ပျူစုစုပေါင်း အင်အား ၁၇၀ ခန့်ရှိပြီး လက် ပန်ကျင်းရွာမြောက်ဘက်သို့ ရှေ့ပြေးကင်းထွက်ခွာလာစဉ် လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း၊ အထိနာသွားသည့် အကြမ်းဖက် စစ်သားများသည် လေကြောင်းဖြင့် ကျေးရွာပတ်ဝန်းကျင် ကို ဆက်တိုက် ပျံဝဲပစ်ကူပေးကာ သေဆုံးစစ်သား အလာင်းများနှင့်အတူ မြို့သာစက်မှု ဇုန်ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့ ဦး ဆောင်ကာ မြင်းခြံခရိုင် တပ်ရင်း ၆ ၊ ငါန်းဇွန်မြို့နယ် ပကဖနှင့် နယ်မြေခံ တော်လှန်ရေးအင်အားစု အဖွဲများက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကူဖြည့်နိုင်ရန် မန္တလေးခရိုင်တပ်ရင်း ၅ ကလည်းနောက်ချန် အရန်အင်အားနှင့် အသင့်ရှိနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၁၁ နာရီ အချိန်က အကြမ်းဖက်စစ်တပ်က တောင်သာ မြို့နယ်၊ ရုံးစဉ် လေး ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေထီး(စက်တက်လူလိုက်ပါ) ၃ စီးဖြင့် ဗုံး သီး ၈ လုံး ကြဲချခဲ့ရာ စာသင်ကျောင်း အုတ်တံတိုင်းကျိုးပဲ့ပြီး နွားတစ်ကောင် ဒဏ်ရာပြင်းထန် ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media