အမရပူရမြို့နယ်၊ ထုံးဘိုလမ်းခွဲတိုးဂိတ်၌ ဆက်ကြေးကောက်နေသော ရဲများကို လက်ပစ်ဗုံး၊ လက် နက်ငယ်များဖြင့် တိုက်ခိုက်၊ စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားရွာ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘိုလမ်းခွဲရှိ တိုးဂိတ်၌ ဆက်ကြေးကောက်နေသော စည်ပင်၊ ရဲ ပူးပေါင်းအဖွဲ့အား လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ဇန်နဝါရီလ ၁၂ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်က အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘိုလမ်းခွဲ တိုးဂိတ်၌ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၆ ဦး ခန့်ကို လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးစုဝေးနေသည့် နေရာအနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် လက်နက်ငယ်များဖြင့်လည်း ၂ ချက်ပစ်ခတ်တိုက်ခိုက်ကြောင်း၊ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ရဲနှင့် ဌာနဆိုင်ရာ စည်ပင်ဝန်ထမ်းများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
ထုံဘိုးဘိုလမ်းခွဲဂိတ်သည် ခရီးသွား ကားသမားများထံ မတရား ဆက်ကြေးကောက် နေသည့် အပြင် ရိုင်းပြစွာ ဆဲဆိုစစ်ဆေးခြင်း တို့လုပ်ဆောင်နေကြောင်း သိရသည်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားရွာရှိ ပျူစောထီး ထွန်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက်အစောပိုင်းက စဉ့်ကိုင်မြို့နယ် ၊ ကျွဲနဖားရွာရှိ အုပ်ကြီး၏ နောက်လိုက် ပျူစောထီး ထွန်းနိုင်ကို သေနတ်ဖြင့် နားထင် ၁ ချက်၊ ရင်အုံ ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ထွန်းနိုင်သည် အကြမ်းဖက်စစ်တပ်အတွက် ကျေးရွာတွင်းရှိပြည်သူများထံမှ စစ်မှုထမ်း ကြေး ကောက်ခံကာ အကြမ်းဖက်စစ်ကောင်စီတပ်၊ အုပ်ကြီးတို့နှင့်အတူ ခွဲတမ်းချ ရယူ သုံးစွဲနေသူ ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media