Political News

0 0
Read Time:3 Minute, 28 Second

အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ “ဝ” တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသာအားလုံးလိုလားသည့် တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သဝဏ်လွှာပေးပို့

 

D Day News

ဧပြီလ ၁၇

 

အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ “ဝ”တိုင်းရင်းများအပါအဝင် ပြည်ထောင် စု မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများ လိုလားသည့် အမျိုးသားတန်းတူညီမျှမှု အ ပြည့် အဝရှိသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ပြောကြားသည်။

 

ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သော “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့် အခါသမယသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်‌နေ့တွင်ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ကို စတင်တည် ထောင်ခဲ့ကြောင်း၊ စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်း သားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်း လာရေးအတွက် တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

 

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝပြည်ပြည်သူ့အစိုးရအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းသို့ ဝင်ရောက်စစ်ဘေးရှောင်လာကြသော ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးသည့်အပေါ်လေးစားဂုဏ်ယူကျေးဇူး ဥပကာရ တင်ရှိပါကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးက ပြောဆိုထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ ဝပြည်က ရရှိထားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေစိုးမိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်နှင့် ပိုမို တိုးတက် ဖွံ့ဖြိုးလာစေရန်အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြည်သူ့အစိုးရနှင့် ဝပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော်တို့က ဆက်လက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နိုင်ပါစေရန် ဆန္ဒပြုပါကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြုအပ်ပါသည်ဟု  သဝဏ်လွှာ၌ ဆက်လက်ရေးသားထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *