PDF News

0 0
Read Time:3 Minute, 39 Second

တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာလအတွင်း စစ်တပ်စခန်း ၄ ခုကို သိမ်းမှုနှင့် စစ်ကောင်စီတပ်သားများ ကို တိုက်ခိုက်မှုများအတွင်း စစ်သား ၁၅၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၅

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ အထိုင်ချစခန်း ၄ ခုကို သိမ်းပိုက်မှုနှင့် စစ်ကောင်စီတပ်သား များကို တိုက်ခိုက်မှုများအတွင်း စစ်သား ၁၅၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိ ရသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တောင်ပိုင်း စစ်ဒေသနယ်မြေ၌ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ် ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၆၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ် ကြောင်းများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ၈၂ ကြိမ် နှင့်အထက် ရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲများမှာ ရေးမြို့မြောက်ပိုင်း အမှတ် – ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကမော့ ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် မိုက်ကရိုဝေး တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ် ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့ဖြစ်ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း ၁၂၀ မမ ၊ ၈၁ မမ ၊ ၆၀ မမ စိန်ပြောင်းများ အပါအဝင် အခြား လက်နက်ငယ်အချို့ နှင့်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ တပ်သား ၁၅၁ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်း တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာ ဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်ပြည်သူ လွတ်မြောက်ရေးတပ် TPLF၊ အခြား ပူးပေါင်း တပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၅ ဦးရှိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ကြိုဆို၍ စောင့်ရှောက်ထားကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးနှင့် မတရားဖမ်းဆီးခံရသူ ၃၄၉ ဦးရှိကြောင်း၊ စစ်ကောင်စီတပ်နှင့်လက်အောက်ခံတပ်သားများ၏ အကြမ်းဖက်လုပ်ဆောင်မှုများမှာ လျော့နည်း သွားခြင်းမရှိဘဲ ယခင်လများထက်ပင် များပြားလျက်ရှိသည်ဟု ဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *