ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာအုပ်ကြီးနှင့်အဖွဲ့စီးနင်းလိုက်လာသောကားကို ပစ်ခတ်မှု ပျူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး အုပ်ကြီးမင်းမင်းဦး ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် တောင်ငူဆေးရုံ၌ သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၄
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာ အုပ်ကြီးနှင့်အဖွဲ့စီးနင်းလိုက်ပါလာသော ကားကို ပစ်ခတ်ခဲ့ရာ ပျူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး အုပ်ကြီးမင်းမင်းဦး ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် တောင်ငူဆေး ရုံ၌ သေဆုံးသွားကြောင်း 9 Star UG အဖွဲ့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က ညောင်လေးပင်မြို့နယ် ခ.မ.ရ ၂၀ လက် အောက်ခံ ၊ စည်ပင်ကျေးရွာအုပ်ကြီး (ပျူခေါင်းဆောင်) မင်းမင်းဦးနှင့်အဖွဲ့လိုက်ပါသော ကားကို စည်ပင်လမ်းမပေါ်တွင် 9 Star UG အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူလွင်ဦးနှင့်မောင်စံတို့ နှစ်ဦးပွဲ ချင်းပြီးသေဆုံးပြီး ပျူခေါင်းဆောင်အုပ်ကြီးမင်းမင်းဦးမှာ ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့်တောင်ငူဆေးရုံ၌ သေဆုံးသွားကြောင်း၊ ထို့ပြင် ပျူ ငဇော်မှာ ရင်ဘတ်ပွင့်ထွက်ပြင်းထန်ဒဏ်ရာဖြင့်ဖြင့် ကုသထားရ ကြောင်း သိရသည်။
“အုပ်ကြီးမင်းမင်းဦးရဲ့ အင်းထဲမှာ ပစ်ခံလိုက်ရတာ။ PDF တွေက ဆိုင်ကယ်လာစောင့်ပြီး ပစ်သွား တာလို့ သိရတယ်။ စံအေးနဲ့ လွင်ဦးတို့ကတော့ ကားနောက်ခန်းမှာ လိုက်လာတာရယ်၊ မိုးကာအုပ် ထားတာမရှိတာကြောင့် ခေါင်းထိပြီးပွဲချင်းပြီးသေတယ်။ အုပ်ကြီးမင်းမင်းဦးကတော့ ဗိုက်ကနေ ထွက်တဲ့အူတွေကို အဝတ်နဲ့ပတ်စည်းပြီး ရွာကို အတင်းပြန်မောင်းလာတာ။ ကားနောက်ခန်းမှာက ပုဇွန်တွေ၊ ငါးတွေလည်းပါတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ပစ်ခတ်ခံရသူ မင်းမင်းဦးနှင့်အဖွဲ့သည် ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်၊ ပြွန်တန်ဆာ ၊ဒိုက်ဦး ၊ အရှေ့ခြမ်းတစ်ကြောနှင့် စစ်တောင်းမြစ် အနောက်ဖက်ကမ်းတလျှောက် နာမည်ဆိုးဖြင့် ကျော်ကြား နေသူများပြီး ကျေးရွာနေပြည်သူများကို လစဉ်ကြေး ၂ သောင်းခွဲ ကောက်ခံသည့်အပြင် ၁၅ ရက် တစ်ကြိမ်လျှင် ၅ သောင်း သို့မဟုတ် ၈ သောင်းကျပ် ကောက်ခံလေ့ရှိ ကြောင်း၊ အခြားကျေးရွာမှ လူ ငယ်များကိုလည်း ဖမ်းဆီးပြီး ပေါ်တာဆွဲခြင်း၊ ရိုက် နှက်နှိပ်စက်ငွေ တောင်းခြင်း၊ တောင်းငွေ၍ မပေး ပါက စစ်ထဲ ထည့်ခြင်းလုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် ကျေးရွာကိုလည်း ခံတပ်ပုံစံတည်ဆောက်ကာ ညောင်လေးပင် ၊ ပြွန်တန်ဆာ၊ ဒိုက်ဦး အရှေ့ခြမ်းတစ်ကြောလုံးရှိ ရွာများကို အနိုင်ကျင့် ဗိုလ်ကျ စီးပွားရှာဖွေကာ ခမရ ၂၀ တပ်ရင်းမှ ဗိုလ် မှူး နေလင်းကို လာဘ်ပေးနေသူဖြစ်ကြောင်း၊ ခမရ ၂၀ နှင့် ခမရ ၄၄၀ တပ်ရင်းများမှ စစ်သားလို လျှင်လည်း ၎င်းက ပေါ်တာဆွဲဖမ်းဆီးပေးနေကြောင်း သိရသည်။
“ပြည်သူကလဲ သူ့ကိုသတ်နိုင်ရင် သတ်နိုင်တဲ့အဖွဲ့ကို တိတ်တဆိတ် ဆုချီမြင့်မယ်ဆိုပြီး ဂုဏ်ပြုဖို့ ထိပါ သတင်းလွင့်ခံထားရသူပါ။ သူ့ကိုရဖို့ကလဲ တော်တော် ဒုက္ခ အပင်ပန်းဆင်းရဲခံပြီး အချိန်ယူ လိုက်ရတယ် သူအိပ်တဲ့နေရာ ဘယ်နားဆိုတာတောင် သူ့မိန်းမ ကိုယ်တိုင် မသိရလောက်အောင်ကို လျှို့ဝှက်ပါးနပ်လွန်းတယ်။ ပြည့်သူဆီက အနိုင်ကျင့် စီးပွားရှာထားတဲ့အထဲက မယားငယ်ကိုတောင် တိုက်ခန်းဝယ်ပေးပြီး ဖက်ရှင် ဒီဇိုင်နာ သင်တန်း တတ်ခိုင်းထားတာ။ ခုသူစီးနေတဲ့ကားရော ဆိုင် ကယ် အသစ်တွေရော။ လက်ရှိ သူ့စီးပွားရေး ထပ်ဝက် ခန့်လောက်က ပြည်သူကို အနိုင်ကျင့်ပြီး ရှာ ထား တာတွေပါ” ဟု 9 Star UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
9 Star UG ဖွဲ့အနေဖြင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ ပြည်သူများကို အနိုင်ကျင့် ရမ်းကားနေသည့် အုပ်ချုပ် ရေးမှူးများ၊ ပျူများ၊ ရဲ၊ စစ်သားများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး တော်လှန်ရေးပန်းတိုင် ရောက်ရှိသည်အထိ ပြည်သူလူထုနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media