Human Right News

0 0
Read Time:3 Minute, 4 Second

ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်း သားများကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် – PPNM က ယနေ့ ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ရွှေဘိုအကျဉ်းထောင်၌ လွတ် ရက်စေ့ပြီးနောက် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုထံသို့ မပို့ဆောင်ဘဲ ရွှေဘိုမြို့မ ရဲစခန်းမှ ရဲများက ထောင်ဗူးဝ အထွက်တွင် ထပ်မံ ဖမ်းဆီးပြီး ရဲစခန်း အချုပ်၌ထိန်းသိမ်း ထားကာ မိသားစုများနှင့်လည်း တွေ့ခွင့်မပေးပဲ အဆက်အသွယ်ဖြတ်တောက်ခံထားရ ကြောင်း သိရ သည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသား အများစုမှာ အမျိုးသားဖြစ်ပြီး မည်သည့်ပုဒ်မနှင့်မျှ မစွဲဆိုထားပဲ မြို့မ ရဲစခန်း၌ အကျဉ်းချခံထားရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိပြီး လွတ်ရက်စေ့ ပြီးသည့်တိုင် လွတ်လပ်စွာသွားလာခွင့်အပေါ် ပေါ်ပေါ်တင်တင် ဆက်လက်ချိုးဖောက်ခံနေရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

 

မြို့မရဲစခန်း စခန်းမှူးနှင့်တာဝန်ရှိသူများအ‌နေဖြင့် ငွေကြေးတက်နိုင်သူများအား ငွေကြေးတောင်းခံ မှုပြုကာ ပြန်လွတ်ပေးခဲ့သည့်ကိစ္စရပ်များရှိပြီး စီးပွားရေးဆန်ဆန် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ငွေ ကြေးမတတ်နိုင်သူ အများစုကို မြို့မရဲစခန်းအနီးရှိ စစ်တပ်တပ်စွဲထားသည့် မှန်သာ ဘုန်းကြီး ကျောင်းအတွင်း ခေါ်ယူဖမ်းဆီးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများအပါအဝင် ကျန်လများ၌ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက်လာကြမည့် နိုင်ငံရေးအကျဉ်းသားများစွာ ရှိနေပြီး အဆိုပါ ပြန်လွတ်လာမည့်သူများ အ လားတူ ဖမ်းဆီးခံထားရနိုင်မှု အခြေအနေများဖြင့် ရင်ဆိုင်နေရသည့်အပြင် လက်ရှိ ပြန်လည် ဖမ်း ဆီးခံ ထားရသူများကို ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားနိုင်ခြင်းများအား ထိထိရောက်ရောက် တား ဆီးပေးကြပါရန်နှင့်  PPNM အဖွဲ့အစည်းအနေဖြင့် တားဆီးပေးနိုင်ခြင်းမရှိသည့် အပေါ် များစွာ စိတ် မကောင်းဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *