ကလေးမြို့နယ်တွင် စစ်တပ်အလုပ်လုပ်ပေးနေသူပေါင်တို ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ် စစ်ကြောင်းကို လက်နက်ကြီး၊ မိုင်းများဖြင့် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေး နေသူ ပေါင်တိုအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံမှ သိရ သည်။
ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက ကျီကုန်းကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ် လုပ်ပေးနေသူ ပေါင်တိုအား ကလေးခရိုင်မိုင်းတပ်ဖွဲ့မှ ရဲဘော်များက ၎င်း၏ နေအိမ်အတွင်း ဝင် ရောက်ပြီး သေနတ်ဖြင့် ၆ ချက်ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူပေါင်တိုသည် ကျောက်ခုပ်ကွေ့ရှိ စသုံးလုံးဂိတ်၌ ပြည်သူများ ထံမှ ဆက်ကြေးကောက် ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံပေပို့ခြင်း များ လုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၁၁ ရက် နေ့လည်ပိုင်းတွင် သေဆုံးသူ ပေါင်တို၏ နေအိမ်သို့ ရောက်ရှိလာ သော စစ်တပ် စစ်ကြောင်းကိုလည်း အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း မိုင်းနှင့်ချိတ်ဆက်ထားသည့် ဘထ္ထရီအိုးများမှာ ချို့ယွင်းမှုဖြစ်ခဲ့သဖြင့် ပေါက်ကွဲမှုမရှိခဲ့ကြောင်း၊ ထို့ ကြောင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက် နေ့လည်ပိုင်းတွင်လည်း ကလေးမြို့မှ စစ်ကူထွက်လာသော အကြမ်းဖက် စစ် တပ် ဒရုန်းတင်ကား တစ်စီးနှင့် စစ်သားများလိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရန်စီ စဉ်ခဲ့သော်လည်း မိုင်းဖြင့် ချိတ်ဆက်ထားသော ဘထ္ထရီအိုးများမှာ ချို့ယွင်းချက် ထပ်ဖြစ်ကာ ပေါက် ကွဲမှုမရှိခဲ့ဟု ဆိုသည်။
ထို့ကြောင့် ညပိုင်းတွင် ကင်းပုန်းဝပ်ရန်ရောက်ရှိလာသော ခြေလျင်အကြမ်းဖက်စစ်သားများကို ထပ် မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ယင်း ၃ ရက်အတွင်း မိုင်း ၈ လုံးဖြင့် ၄ ကြိမ် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒရုန်း ဖြင့်လည်းကောင်း၊ ကလေးမြို့ကွန်ပျူတာတက္ကသိုလ်၌ တပ်စွဲထားသော စစ်တပ်က လက်နက်ကြီး များဖြင့်လည်းကြောင်း ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင် မိုင်းတပ်ဖွဲ့မ ဦးဆောင်၍ Operation Mo Mo ၊ ကလေးမြို့ နယ် ပကဖ တို့နှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိခဲ့ပဲ မစ်ရှင်ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media