Read Time:59 Second
ကဗျာကဏ္ဍ “စိန်ခေါ်ရင် ဘွာမခတ်နဲ့”
ပျိုးကြဲလက်
ရခိုင်မှာ စစ်ရှုံးလို့
ညစ်တုန်းကွယ့် လူရှော်
ပစ်ပုန်းဘဝ အတွေးချော်တယ်
အရေးပေါ်ဗုံးကြဲ ။
စစ်ခွေးတို့ ငြူစူစွာရယ်
ပြည်သူသာ ဗုံးချနေမြဲ ။
ဗိုလ်ချုပ်တို့ သွေးကြောင်လေ
ခွေးကောင်တွေ စွာဆဲ ။
လေတပ်မှာ သူရဲပေါ့
လူ့ငနဲ ခွေးကောင်။
အာဏာရှင် ထိပ်ထားလို့
လူ့ငနွား သတ္တိသွေးပြောင် ။
သွေးကြွေးဖြင့် မောင်မောင်ရယ်
နောက်နောင်ဝယ် ဆပ်ပေးပေါ့
ကြောက်ပြေး ပြေးမယ်ဆို
သေးထွက်မှ ငို ။
ပြည်သူက စိန်ခါ်လိုရင်
တိမ်ပေါ်ကို လိုက်မယ်ကွယ့်လေး ။
ပြည့်လက်က လွတ်မယ်ဆိုရင်
နောက်နောင်ကို ဘွာခတ်နဲ့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် ည ၁၁ နာရီ ၇ မိနစ်
Thanlwin Myanmar Media