Mandalay News

0 0
Read Time:3 Minute, 36 Second

တောင်သာမြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားရာနေရာများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိ၊ တောင်သာမြို့ပေါ်၌ PDF အလံချိတ်ဆွဲနိုင်ခဲ့

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၃

 

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီးလက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံ ခရိုင်အမှတ် ၃ တပ်ရင်းထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်က “တောင်သာမြေပေါ် အောင်လံထူ စစ်ဆင်ရေး” အဖြစ်တောင်သာမြို့ပေါ်ရှိ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ် သား ၂၁ ဦးကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း မှ ဝင်ရောက်စီးနင်းသိမ်းပိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ကျန်စစ်သားများမှာ အုတ်တံတိုင်ကျော်၍ အထိအခိုက်များစွာဖြင့် ထွက်ပြေးသွား ကြောင်း သိရသည်။

 

ယင်းစီးနင်းမှုအတွင်း ကျောင်းသားများကို ဘေးလွတ်ရာ ပို့ဆောင်ကာ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး စစ်သား ၁၀ ဦးမှာ MA3 အမျိုးအစား RPG ဖြင့်ပစ်ခတ်ခံသဖြင့် လက်နက် များ ပျက်စီးကာ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း၊ MA 3 အမျိုးအစားသေနတ် ၁ လက်အကောင်းသာ အကောင်းအတိုင်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အထက ၁ ကျောင်းဝန်းအတွင်းရှိ တောင်သာမြို့နယ် အကြမ်းဖက်စစ် ခေါင်းဆောင် ဝဏ္ဏဌေး ရုံးခန်းအား ဝင်ရောက် ပစ်ခက်ရာ လက်ရုံး တပ်ကြပ်ကြီး အောင်မင်း သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အထက – ၁ ကျောင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် အလံကို ဖြုတ်ချကာ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းအလံ ၊ တပ်ခွဲ ၂ အလံတို့ကို ချိတ်ဆွဲကာ အလေးပြုခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တောင်သာမြို့ထဲ၌ “အတင်းကြုံးတဲ့ ရင်း (၃)” ဟု ကြွေးကြော်ကာ မြို့တော်ခန်းမရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်ား ၂ ဦး၊ အင်းဝ ဘဏ်ရှေ့တွင် ကင်းစောင့်နေသော စစ်သား ၂ ဦး နှင့် ပျူခေါင်းဆောင် သန်စင် သန့်စင် နှင့် မိုးဝင်း ပျူစောထီး ဆိုင်ကယ်ပြင်ဆိုင် တို့ကိုလည်း ပစ်ခတ် ခဲ့ကြောင်း၊ အလားတူ တောင်သာမြို့အနောက် ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံတို့ကိုလည်း ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အတိအကျ သိရှိ ရ ခြင်းမရှိဟု ဆိုသည်။

 

တောင်သာမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြို့နေပြည်သူလူထု ထိခိုက်နစ်နာမည် စိုးရိမ်သဖြင့် ဗျူဟာအရ ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ပြီး မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၂ မှ ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *