မြိုင်မြို့ပေါ်ရှိ စစ်တပ် စခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းမှ ထွက်ပြေးလာသည့် စစ် မှုထမ်း တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ ထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စစ်ခန်းမှ ထွက်ပြေးလာ သည့် စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ၊ နယ်မြေ ပကဖ များဖြစ် သော နဂါးနီအဖွဲ့ ၊ ဆင်ရိုင်းအဖွဲ့နှင့် လင်းမြွေအဖွဲ့တို့၏ ကင်းပုန်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်သားများသည် နေပြည်တော်နှင့် ဧရာဝတီတိုင်းတို့မှ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော တပ်သားသစ် ၄ ဦးကို အကြမ်းဖက် စစ်တပ်က နေပြည်တော်တွင် စစ်သင်တန်း ၃ လ ပေးပြီးနောက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ -၂၅၉ (ရေစကြို) တပ်ထဲကို ပို့ဆောင်လိုက် ကြောင်း၊ ထိုမှ တဆင့် မြိုင်မြို့ပေါ်ကို ပို့ဆောင်ခြင်းခံခဲ့ရသူများဖြစ်ကာ သရက်ကွကျေးရွာ တိုက်ပွဲ တွင်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ ပါဝင် တိုက်ခိုက်ခဲ့သူများဖြစ်ကြောင်း သိရသည်။
“၁၁ ရက်နေ့ နံနက်ပိုင်းလောက်က ဖမ်းဆီးရမိတာ ၄ ဦးလုံးက ဒေသ အသီးသီးတွေစီကနေ လာကြ တာလို့ သိရတယ်။ နေပြည်တော်နဲ့ ဧရာဝတီကလို့ သိရတယ်။ နေပြည်တော်မှာ သင်တန်းကာလ ၃ လ ကြာတက်ခဲ့ပြီးတော့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ -၂၅၉ (ရေစကြို) တပ်ထဲကို ရောက်လာ တာ အဲကနေမှ မြိုင်မြို့ပေါ်ကို ပို့လိုက်တာ သူတို့က သရက်ကွ တိုက်ပွဲမှာလည်း ပါဝင်ခဲ့တဲ့ တပ်သား တွေလို့ သိရတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media