၂၀၂၅ ခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ တော်လှန်ရေးအရှိန်အဟုန် မြင့်တင် သွားမှာဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကချမှတ်ထားတဲ့ လုံခြုံရေးအစီအမံတွေကို အထူးလိုက်ပေးကြဖို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တိုက်တွန်း
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
၂၀၂၅ ခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ တော်လှန်ရေးအရှိန်အဟုန် မြင့်တင် သွားမှာဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကချမှတ်ထားတဲ့ လုံခြုံရေးအစီအမံတွေကို အ ထူး လိုက်ပေးကြဖို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တိုက်တွန်းလိုက်ပါတယ်။
မနေ့က (ဇန်နဝါရီလ ၁၂ ရက်) ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့တာပါ။
“၂၀၂၅ ခုနှစ်ဟာ မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စုစည်းညီညွတ်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေစဉ်ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများချမှတ်တဲ့ ဘေးကင်းလုံခြုံရေး အစီအမံ တွေကို အထူးလိုက်နာပြီး ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို မြင် တွေ့ ခံစားနိုင်ကြပါစေ” လို့ ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ တိုင်းပြည်မှာရှိနေတဲ့ စစ်အာဏာရှင်စနစ်ဆိုးဖြုတ်ချနိုင်ဖို့အတွက် လူ တန်းစား အလွှာပေါင်းစုံနဲ့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်းပေါင်းစုံက မိမိကျရာ အခန်းကဏ္ဍ ကနေ တော်လှန်ရေးတာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချပြီး စည်းလုံးညီညွတ်စွာနဲ့ တော် လှန်တိုက်ခိုက်ခဲ့ကြတာဖြစ်တဲ့အတွက် တော်လှန်ရေးရဲ့ အောင်မြင်မှုအလင်းတန်း ရောင်နီ သမ်းလာနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အနေနဲ့ အရင်နှစ်တွေထက် ချိတ်ဆက်လက်တွဲ ပြီးတော့ ယိုင်နဲ့နေတဲ့ ဒီစစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ဖို့ စုစည်းညီညွတ် အားနဲ့ တော်လှန်ရေး တာဝန် တွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။
ပြည်တွင်းအားနဲ့သာ ဒီစစ်အုပ်စုကို ဖြိုချရမှာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု အချင်း ချင်း တချို့ပဋိပက္ခတွေကို ရေရှည်နိုင်ငံရေးဖြေရှင်းနိုင်မယ့်နည်းလမ်း ရွေးချယ်ပြီးတော့ မိမိတို့ အင် အား မလျှော့ကျစေရေးမှ သည် စုစည်းအားဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားရမှာဖြစ်ပါ တယ်လို့ ဆိုပါတယ်။
အရှိန်ကောင်းရလာတဲ့ ဒီတော်လှန်ရေး ရေစီးကြောင်းစုစည်းညီညွတ်မှုအင်အားတွေကို ဆက်လက် ထိန်းသိမ်းပြီးတော့ နိုင်ငံ့အတွင်း အခြေစိုက် ကျန်ရှိနေသေးတဲ့ ဘုံရန်သူရဲ့ နေ့စဉ်မပျက် မိဘပြည်သူ တွေကို ဒုက္ခပေးနေတဲ့ ထောက်တိုင်တွေကို အပြီးတိုင်ဖြိုလှဲပစ်ဖို့ အသုံးချသွားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ကပြောပါတယ်။
တိုင်းရင်းသားလူထု တရပ်လုံးအနေနဲ့လည်း မိမိတို့ကို နေ့စဉ်ဒုက္ခပေးနေတဲ့ လေကြောင်းအန္တရာယ် တွေကို တာဝန်သိသိ သတိဝီရိယရှိရှိနဲ့ လုပ်ကိုင်နေထိုင်စားသောက်သွားကြဖို့ အထူးမေတ္တာရပ်ခံ ထားပါတယ်။
Thanlwin Myanmar Media