ယခုအချိန်အခါသည် စစ်အာဏာရှင် သမိုင်းတလျှောက်အားအနည်းဆုံးကာလဖြစ်သည့်အတွက် အ မြစ်ပြတ်ချေမှုန်းရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
ယခုအချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့်အတွက် အမြစ်ပြတ်ချေမှုန်းရေး အကောင်းဆုံးအခွင့်လမ်းတစ်ခုဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က ပြောဆိုလိုက်ပါတယ်။
မနေ့က ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန် ရေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှ ထည့်သွင်းပြောဆိုလိုက်တာပါ။
ယနေ့အချိန်အခါသည် စစ်အာဏာရှင်သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့် အတွက် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာဖြင့် ရန်သူစစ်အာဏာရှင်များ နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အကောင်းဆုံးအခွင့်အလမ်း ဖြစ်တယ်လို့ ပြောဆို ထားခြင်းဖြစ်ပါတယ်။
တအာင်းပြည်သူများတွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲတွေသာ မက ဒီနေ့နွေဦးတော်လှန်ရေးမှာလည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ကာ အောင်ပွဲ များစွာ ရရှိခဲ့တဲ့ အ တွက် ဝမ်းမြောက်စွာ ဂုဏ်ပြုပါတယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေလည်း တအာင်းပြည်သူတွေအပါအဝင် တနိုင်ငံလုံးရှိ ပြည်သူတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေအားလုံးနဲ့ ညီညွတ်မှုကို တည်ဆောက်ကာ စစ် အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ အ တွက် အားသွန်ခွန်စိုက် ကြိုးစားသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း တော်လှန်ရေးအင်အားစု တွေအနေနဲ့ တော်လှန်ရေးအရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ များစွာရရှိလာခြင်းနဲံအတူ အကြမ်း ဖက်စစ်တပ်သည်လည်း တဖြည်းဖြည်းအင်အားဆုတ်ယုတ် လာပြီး မကြာမီအချိန်ကာလမှာ စစ်အာ ဏာရှင်တွေရဲ့နေဝင်ချိန် ရောက်ရှိလာတော့မည်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်
မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးတွေမှာ တအာင်းတိုင်းရင်းသားပြည်သူတွေအနေနဲ့ အခြားသော တော် လှန်ရေး အင်အားစုတွေအားလုံးနဲ့အတူ ရှေ့ဆက်ချီတက်သွားမယ်လို့ အခိုင်အမာယုံကြည်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။
တိုင်းရင်းသားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံး စုစည်းညီညွတ်မှုနှင့်အတူ စိတ် ဓာတ်တွေ ခိုင်မာနေသရွေ့ မည့်သည့်အခက်အခဲ ဒုက္ခကိုမဆို ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကာ ဖက် ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ မလွဲဧကန်ရောက်ရှိမယ်ကိုလည်း အကြွင်းမဲ့ယုံကြည်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့လည်း လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ဆက် လက်ကြိုးစားဖော်ဆောင်လျက် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူ စုစည်း ညီညွတ်မှုတွေ ပိုပိုခိုင်မာအားကောင်းအောင်တည်ဆောက်ကာ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်ကင်း စင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အလေးပေး အကောင်အထည် ဖော် ဆောင် သွားမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။
Thanlwin Myanmar Media