Read Time:57 Second
ကဗျာကဏ္ဍ “စစ်ရှုံးမောင်”
ပျိုးကြဲလက်
ငါခေါင်းဆောင် စစ်ရှုံးဘဝ
အပူလုံးကြွ ဖြစ်ပြီ
ယူကျုံးမရ ဖြေမဆည်သည်
ရှက်လှချည် တအား ။
ငါ့ရဲမက် တော်မယ်ထင်တယ်
လော်လည်ချင် နောက်လိုက်ဖွတ်ကျား ။
ရာထူးနဲ့ ဆွဲဆောင်ရင်
တလွဲယောင် ခိုးသား ။
ခါတလေ ရိုးသားပေါ့
ကြိုးစားလို့ ရှေ့ဆောင် ။
သင်းတို့တွေ ဖျင်းလှတော့
ငြင်းမရ စခန်းတွေပြောင် ။
စစ်တိုင်းတို့ မထောင်နိုင်
ကယောင်တွေ ပျက်သုဉ်းပေါ့
တိုက်ရှုံး ရှုံးနေပြန်
တပ်သုဉ်းမယ့်ဟန် ။
စစ်ရှုံးက နင်တို့ခံကွယ်
ထောင်နန်းစံ ထိပ်တုံးနဲ့လေး ။
ငါတို့က ပြေးဖို့ကြံမယ်
လေယာဉ်ပျံ စီးလို့ကွယ်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီ ၃၇ မိနစ်
Thanlwin Myanmar Media