Read Time:1 Minute, 4 Second
ချောက်မြို့နယ်တွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၂
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Chauk Revolution Force – CRF အဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့က ချောက်မြို့နယ် ကြည့်မြင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CHAUK REVOLUTION FORCE (CRF) ၊ မကွေးခရိုင် ပ.က.ဖ)မကွေးခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင့် Kyaukpadaung Special Defense တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media