Mandalay News

0 0
Read Time:2 Minute, 1 Second

ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၂

 

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်၌ ဆက်ကြေး ကောက်နေသာ အကြမ်းဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၆ နာရီခန့်က ဝမ်းတွင်းမြို့မရဲစခန်းအတွင်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသည် ကင်းပတ်လှည့်လည်၍ ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ် အနီး၌ ဆက်ကြေးကောက်နေစဉ် အဝေးထိန်းမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဝမ်းတွင်းမြို့ပေါ်ရဲစခန်းကနေလာတာ။ အဲဒီနေရာက ဆက်ကြေးကောက်နေကြ။ အဝေးထိန်းမိုင်းနဲ့ ပဲ တိုက်ခိုက်ခဲ့တာဖြစ်လို့ သူ့တို့ကို သေချာမကြည့်ခဲ့ရဘူး။ ထိခိုက်မှုနဲ့သေဆုံးမှု ကတော့ စုံစမ်းနေဆဲ ပါ။ သူတို့ဘက်ကတော့ သေနတ်တွေပစ်ဖောက်တာရှိတယ်။ ကျနော်တို့ရဲဘော်တွေက မိုင်းခွဲပြီး ပြန် ဆုတ်လာခဲ့တာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးစပ်သော နေရာ များကို သွားလာခြင်းမပြုကြပါရန် အထူးပင် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *