PNLA News

0 0
Read Time:2 Minute, 50 Second

ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု သား အမိ နှစ်ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၂

 

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သားအမိ ၂ ဦးသေဆုံးပြီး အမျိုး သမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံက သိရ သည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာတွင် တိုက်ပွဲဖြစ် ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ပျံဝဲကာ ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် တောင်ယာမှ ပြန်လာသော အမျိုးသမီး ၃ ဦး ကို ဗုံးစ ထိမှန်ပြီး သားအမိနှစ်ဦးသေဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၃ နာရီမှာ ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်လာပြီး ၄ ကြိမ်ကျဲသွားတယ်။ ၃ လုံးပေါက်ကွဲ တယ်၊ တစ်လုံးက မကွဲဘူး။ အဲဒီပေါက်ကွဲတဲ့အထဲမှာ တစ်လုံးကတော့ တောင်ယာကနေပြန်လာတဲ့ ပြည်သူလူထု ၃ ဦးကို ထိမှန်သွားတယ်၊ ၂ ဦးသေသွားတယ်၊ သေဆုံးသွားတဲ့ပြည်သူက သားအမိဖြစ် ပါတယ်။ အမျိုးသမီး ၂ ဦး သေသွားတာပါ၊ ဒဏ်ရာရတဲ့ပြည်သူကလည်း အမျိုးသမီးဖြစ်ပါတယ်။ အ ကြောင်းအရင်းမရှိပဲနဲ့ဗုံးကျဲသွားတာပေါ့၊ ပြောရရင် စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း စစ်ရာ ဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်၊ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။”  PNLA သတင်းနှင့်ပြန်ကြားရေး ဌာနတာဝန်ရှိသူ ခွန်းယိမ်းရန်က ပြောကြားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမှ မရှိဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၏ ဌာနချုပ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ပွဲဖြစ် ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်းကျူး လွန် နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *