ဘုရင့်နောင်တပ်မှ တောင်ငူမြို့ရှိ KTV သို့ သွားရောက်ပြီ ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့မှ တောင်ငူမြို့ရှိ KTV သို့သွားရောက် ပြီး ပြန်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက် နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Thawthiko တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် ဘုရင့်နောင်တပ်မြို့မှ တောင်ငူမြို့ရှိ KTV သို့သွားရောက်ပြီး ပြန် လာသော အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“အမှန်ပြောရရင် ဘုရင့်နောင်တပ်ကနေ တောင်ငူကို KTV သွားပြီး အပြန်မှာဖြစ်တာ။” ဟု KNLA တပ်မ ဟာ ၂ တပ် ရင်း ၅ Thawthikhi မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၃၉ ဘုရင့်နောင်တပ်မြို့မှ တပ် သား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media