CDM News

0 0
Read Time:2 Minute, 16 Second

ပေါက်မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၂

 

မကွေးတိုင်း၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင် ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့က ပေါက်မြို့မရဲစခန်းတွင် တာဝန်ကျနေသော အသက် ၂၇ နှစ်အ ရွယ် ရဲ တသ အေးချမ်းအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံသို့ ဆက်သွယ်ကာ G3 အမျိုး အစား သေနတ် ၁ လက်၊ G3 ကျည်အတောင့် ၉၀ တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူက ၂၀၁၅ ခုနှစ်ကတည်းက ရဲထဲရောက်ပြီးပေါက်မြို့နယ်မှာ တာဝန်ကျတာ။ လွန်ခဲ့တဲ့ တစ်နှစ် လောက်ကတည်းက အလင်းဝင်ဖို့ဆက်သွယ်နေတာ၊အဆင်မပြေလို့ အခုမှ ကျနော်တို့နဲ့ချိတ်ဆက်မိ ပြီး အဆင်ပြေသွားတာ၊ သူတို့စခန်းမှာက ရဲဘက်နဲ့စစ်ဘက်နဲ့အဆင်မပြေကြဘူး။ စစ်သားတွေက ရဲတပ်ဖွဲ့ဝင်တွေကို နိုင့်ထက်စီးနင်းပြုကျင့်တာတွေက အကြိမ်ရေတွေများလာတယ်။ သူတို့မခံနိုင်တဲ့ အဆုံးလက်နက်နဲ့ထွက်ပြေးလာတာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သူ ရဲတသအေးချမ်းအောင်ကို ဆုငွေ ကျပ် သိန်း ၃၀ ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

 

အဆိုပါရဲတပ်သားအား ဘေးကင်းစွာခေါ်ဆောင်ပေးခဲ့သည့် နယ်မြေခံတပ်ဖွဲ့၊ ဂန့်ဂေါခရိုင်အမှတ် ၄ တပ်ရင်း မှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြမည့် စစ် ကောင်စီတပ်သားများအနေဖြင့် ယုံကြည်စိတ်ချစွာဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *