Mon State News

0 0
Read Time:3 Minute, 26 Second

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ခန့်သေဆုံး၊ စစ်တပ် လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၁

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၇၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

 

ဇန်နဝါရီလ ၉ ရက်နေ့က ရေးမြို့နယ်ခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေက စစ်သား တွေ ထုတ်နှုတ်ကာ အင်အားအများအပြားနဲ့ ကျုံးလောင်းရွာဟောင်းဘက်ကို စစ်ကြောင်းထိုး ဝင် ရောက် လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ အထိ ၃ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ် သား ၇၀ လောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိ ထားတယ်လို့ သိရပါတယ်။

 

“တိုက်ပွဲက ၃ ရက်ဆက်တိုက်ရှိပြီ၊ တပ်တွင်းသတင်းပေးအရတော့ ၇၀ လောက်သေပြီးပြီလို့ သိရ တယ်။ ဆက်တိုက် မီးသင်္ဂြိုလ်နေရတယ်။ လက်နက်ကြီးပစ်ကူကတော့ နေ့တိုင်းပဲ၊ တစ်နေ့ တနေ့ကို အလုံး ၁၀၀ ကျော်တယ်။ လေကြောင်း ကတော့ ဒီနေ့ ၃ နာရီခွဲမှာ တစ်ကြိမ်လာပစ်သွားတယ်။ ဗုံး ၄ လုံးကျဲသွားတယ်။ တိုက်ပွဲက ဆက် လက်ပြင်းထန်နေဆဲပါ” လို့ ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောပါတယ်။

 

တိုက်ပွဲဖြစ်တဲ့နေရာကို အကြမ်းဖက်စစ်ကောင်စီတပ် အမတ ၃၁၆ ၊ ခလရ ၆၁ ၊ ခမရ ၅၈၃ တပ်ရင်း တွေကနေ ဟောင်ဝှစ်ဇာ ၊ ၁၂၀ မမ ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အပြင် ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီခွဲမှာ လေကြာင်းကနေ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အနီးအနားကျေးရွာတွေအတွင်းကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျုံးလောင်းရွာ၊ ကျောက်မိကျောင်းရွာအပါအဝင် အနီးအနား ကျေးရွာ နေ ပြည်သူ ထောင် ချီကာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်သားတွေက ရေးတံတားကြီး အနီးရှိ အိုင်ဖွတ်ရွာက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မွန်၊ ကရင် ၊ PDF တပ်ဖွဲ့တွေ အတူ ပူးပေါင်းကာ တိုက်ခိုက်နေ တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူး လို့ သိရပါတယ်။

 

“လေကြောင်း၊ လက်နက်ကြီး အန္တရာယ် သတိထားဖို့ ၊ တပ်ရင်းပြည်သူလူထု လုံခြုံရေးဌာန အနေနဲ့ လည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ပြည်သူတွေကို ကူညီနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ လိုအပ်ချက်ကိုလည်း မိဘပြည်သူတွေအနေနဲ့ ပြန်လှန်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်” လို့ ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *