ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိတက်ပြီး စစ်လော်ဘီကျော်စိုးဦးကို နတ်မောက် PDF တပ်ဖွဲ့က စိန်ခေါ် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၁
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တက်ကာ စစ်တပ်လော်ဘီကျော်စိုးဦးကို နတ် မောက်မြို့နယ်အခြေစိုက် Aung San’s Land Natmauk အဖွဲ့က စိန်ခေါ်ထားကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လည်ပိုင်းတွင် ရန်ကုန် -မန္တလေးအမြန်လမ်း ၂၆၂ မိုင်အထိ ရောက်ရှိ ပြီဖြစ်ပြီး နတ်မောက်ကို ဖြတ်လာပြီဖြစ်ကြောင်း၊ စစ်ကောင်စီလော်ဘီ၊ ထောက်ခံသူများ၊ စစ်သား များ လမ်းပေါ်တွင်မရှိတော့ကြောင်း ပြောဆိုထားသည့် ရုပ်သံဖိုင်ဖြင့် Aung San’s Land Natmauk အဖွဲ့က ထုတ်ပြန်ကာ စစ်တပ်လော်ဘီကျော်စိုးဦးကို စိန်ခေါ်ထားခြင်းဖြစ်သည်။
ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Aung San’s Land Natmauk အဖွဲ့၊ ပျော်ဘွယ် -ရမ္မည်းသင်း ပကဖ နှင့် နတ် မောက် တပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။