CDM News

0 0
Read Time:3 Minute, 8 Second

တီးတိန်မြို့တွင် ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်၊ ကရင်နီပြည်နယ်တွင် စစ်မှုထမ်းတပ်သားသစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်

 

သံလွင်မြန်မာသတင်း

ဇန်ဝါရီလ ၁၁

 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တာဝန်ကျနေသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့သဖြင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့ကြောင်း CDF CDM Siyin ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က တီးတိန်မြို့ပေါ်တွင်တာဝန်ကျနေသော ရဲတပ်ရင်း ၂၆ မှ ရဲ တပ်သား ခိုင်ထူးဉာဏ် သည် လက်နက် ၁ လက်၊ ကျည်ဘောက်နှင့်ကျည်ဆံအချို့ယူဆောင်ပြီး CDF CDM SIYIN ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့‌သော ရဲတပ်သား ခိုင်ထူးဉာဏ်ကို CDF CDM SIYIN မှ ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးမည်ဖြစ် ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ပြီး မြို့ တွင်း၌ ဖြစ်စေ၊ မည်သည့်နေရာ၌ ဖြစ်စေ သွားရောက်ကြိုဆိုကာ ကောင်းကောင်းမွန်မွန် စောင့် ရှောက်ပေးမည်ဖြစ်ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီပြည်တွင် စစ်မှုထမ်းတပ်သားသစ်တစ်ဦး လက်နက်ခဲယမ်းများယူဆောင်ကာ KNDF တပ်ရင်း ၃၄ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၈ ရက်နေ့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်မှုထမ်းတပ်သားသစ် တစ်ဦးဖြစ် သူ နေဇော်သည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ကျည် -၁၂၂ တောင့်၊ ကျည်ဘောက်-၃ ဘောက်၊ ၁၄ မိုင်း- ၁ လုံး၊ လက်ပစ်ဗုံး-၁ လုံး နှင့်အတူ KNDF/B-34 ထံ ဆက်သွယ်ကာအလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တပ်သားသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မ အတင်းစုဆောင်းခံရခြင်းကြောင့် ဝင်ရောက်ခဲ့ရသူဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်တွင် စစ်မှုထမ်းလိုစိတ်မရှိသဖြင့် အလင်းဝင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်သူ စစ်ကောင်စီလက်အောက်ခံတပ်သားများကို ကောင်းမွန်စွာ စောင့်ရှောက်ထား ပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ အမြန်ဆုံးဘက် ပြောင်းခိုလှုံလာကြရန် KNDF တပ်ရင်း ၃၄ က တိုက်တွန်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *